Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူများ၏အသက်များကို ကယ်တင်ပေးရန်နှင့် စစ်တပ်ကို အရေးယူမှုများ အချိန်မီပြတ်သားစွာလုပ်ဆောင်ရန် ကုလထံ မြန်မာသံအမတ်ကြီးတောင်းဆို

စစ်တပ်၏ လူမဆန်စွာ တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် ဆိုးဝါးသော ဒုက္ခဆင်းရဲများ ခံစားနေရသည့် မြန်မာပြည်သူများအတွက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အရေးယူမှုများကို အချိန်မီ ပြတ်ပြတ်သားသား ဆောင်ရွက်ပေးရန်လည်း သံအမတ်ကြီးက တောင်းဆိုခဲ့သည်။

မြန်မာစစ်တပ်၏ လက်နက်ရရှိနိုင်ရေးလမ်းကြောင်းများကို ပိတ်ဆို့ခြင်းဖြင့် အပြစ်မဲ့မြန်မာပြည်သူများ၏ အသက်များကို ကယ်တင်ပေးရန် ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုသည်။

ဧပြီ ၅ ရက်တွင် ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေး ကော်မရှင်၏ အထွေထွေဆွေးနွေးမှုအစီအစဉ်၌ မြန်မာသံအမတ်ကြီးက မိန့်ခွန်းပြောကြားရာ မြန်မာစစ်တပ်သို့ လက်နက်များနှင့် ဆက်စပ်နည်းပညာများ ရောင်းချနေသော နိုင်ငံများကို တားမြစ်ပေးရန်နှင့် လက်နက်ရရှိနိုင်ရေး လမ်းကြောင်းများကို ပိတ်ဆို့ပေးရန် အဖွဲ့ဝင်နိုင်ငံများက ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းခဲ့သည်။

မြန်မာစစ်တပ်သည် ပြည်ပမှတင်သွင်းသော စစ်လက်နက်များကို အသုံးပြု၍ မြန်မာ ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများကို ရက်စက်စွာ ကျူးလွန်နေပြီး ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် လူ့အခွင့်အရေးကောင်စီ တို့မှ တိုက်တွန်းထားသည့်အတိုင်း မြန်မာစစ်တပ်သို့ လက်နက်များရောင်းချနေ သည့် နိုင်ငံများအနေဖြင့် ရောင်းချနေမှုများကို ချက်ချင်းရပ်တန့်ပေးရန် သံအမတ်ကြီးက ထပ်မံတောင်းဆိုသည်။

စစ်တပ်၏ လူမဆန်စွာ တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် ဆိုးဝါးသော ဒုက္ခဆင်းရဲများ ခံစားနေရသည့် မြန်မာပြည်သူများအတွက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အရေးယူမှုများကို အချိန်မီ ပြတ်ပြတ်သားသား ဆောင်ရွက်ပေးရန်လည်း သံအမတ်ကြီးက တောင်းဆိုခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ဒုက္ခဆင်းရဲများ ရင်ဆိုင်နေရသည့် ယူကရိန်း ပြည်သူများ၏ ခံစားမှုများကို အပြည့်အဝနားလည်ကာ ယူကရိန်းပြည်သူများနှင့် အတူ ခိုင်မာစွာရပ်တည်ကြောင်းနှင့် ယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်နေမှု များကို ချက်ချင်းရပ်တန့်ပေးရန် ဦးကျော်မိုးထွန်းက တောင်းဆိုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

သံတွဲမှာ ၁၁ ရက်အတွင်းစစ်တပ်ဗုံးကြဲလို့ ၇ ဦးသေပြီး ၃၆ ဦး ဒဏ်ရာရ