Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာပြည်သူများ၏အသက်များကို ကယ်တင်ပေးရန်နှင့် စစ်တပ်ကို အရေးယူမှုများ အချိန်မီပြတ်သားစွာလုပ်ဆောင်ရန် ကုလထံ မြန်မာသံအမတ်ကြီးတောင်းဆို

စစ်တပ်၏ လူမဆန်စွာ တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် ဆိုးဝါးသော ဒုက္ခဆင်းရဲများ ခံစားနေရသည့် မြန်မာပြည်သူများအတွက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အရေးယူမှုများကို အချိန်မီ ပြတ်ပြတ်သားသား ဆောင်ရွက်ပေးရန်လည်း သံအမတ်ကြီးက တောင်းဆိုခဲ့သည်။

မြန်မာစစ်တပ်၏ လက်နက်ရရှိနိုင်ရေးလမ်းကြောင်းများကို ပိတ်ဆို့ခြင်းဖြင့် အပြစ်မဲ့မြန်မာပြည်သူများ၏ အသက်များကို ကယ်တင်ပေးရန် ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုသည်။

ဧပြီ ၅ ရက်တွင် ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေး ကော်မရှင်၏ အထွေထွေဆွေးနွေးမှုအစီအစဉ်၌ မြန်မာသံအမတ်ကြီးက မိန့်ခွန်းပြောကြားရာ မြန်မာစစ်တပ်သို့ လက်နက်များနှင့် ဆက်စပ်နည်းပညာများ ရောင်းချနေသော နိုင်ငံများကို တားမြစ်ပေးရန်နှင့် လက်နက်ရရှိနိုင်ရေး လမ်းကြောင်းများကို ပိတ်ဆို့ပေးရန် အဖွဲ့ဝင်နိုင်ငံများက ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းခဲ့သည်။

မြန်မာစစ်တပ်သည် ပြည်ပမှတင်သွင်းသော စစ်လက်နက်များကို အသုံးပြု၍ မြန်မာ ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများကို ရက်စက်စွာ ကျူးလွန်နေပြီး ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် လူ့အခွင့်အရေးကောင်စီ တို့မှ တိုက်တွန်းထားသည့်အတိုင်း မြန်မာစစ်တပ်သို့ လက်နက်များရောင်းချနေ သည့် နိုင်ငံများအနေဖြင့် ရောင်းချနေမှုများကို ချက်ချင်းရပ်တန့်ပေးရန် သံအမတ်ကြီးက ထပ်မံတောင်းဆိုသည်။

စစ်တပ်၏ လူမဆန်စွာ တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် ဆိုးဝါးသော ဒုက္ခဆင်းရဲများ ခံစားနေရသည့် မြန်မာပြည်သူများအတွက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အရေးယူမှုများကို အချိန်မီ ပြတ်ပြတ်သားသား ဆောင်ရွက်ပေးရန်လည်း သံအမတ်ကြီးက တောင်းဆိုခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ဒုက္ခဆင်းရဲများ ရင်ဆိုင်နေရသည့် ယူကရိန်း ပြည်သူများ၏ ခံစားမှုများကို အပြည့်အဝနားလည်ကာ ယူကရိန်းပြည်သူများနှင့် အတူ ခိုင်မာစွာရပ်တည်ကြောင်းနှင့် ယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်နေမှု များကို ချက်ချင်းရပ်တန့်ပေးရန် ဦးကျော်မိုးထွန်းက တောင်းဆိုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို့နယ်များအတွင်း၌ စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရကြောင်းလည်း AAကအသိ​ပေးသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။