Connect with us

Hi, what are you looking for?

News

မုံရွာမြို့တွင် ယမန်​နေ့ညက စစ်​ကောင်စီတပ်စွဲရာ​​ နေရာ ငါးခု ဗုံးပစ်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယမန်နေ့ညက အကြမ်းဖက်စစ်ကောင်စီတ​ပ်များရှိနေသည့် နေရာငါးခုအား လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Unity Force Monywa သတင်းတာဝန်ခံက ပြောကြားသည်။

ယမန်နေ့ (ဧပြီ၅ ရက်) ည ၇နာရီမှ ၉နာရီအထိ မုံရွာမြို့ ကားလေးကွင်းမီးပွိုင့်၊ ဒေါင်းကျောင်းထောင့်၊ မီးရထားဘူတာရုံအနီး၊ မြို့ပတ်လမ်းတစ်နေရာနှင့် ပြည်ထောင်စုလမ်းယာဥ်ထိန်းရုံး အစရှိသ​ည့် အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသောနေရာများအား Unity Force Monywa နှင့် Brother Defense Force ရဲဘော်များမှ လက်ပစ်မိုင်းများဖြင့် ပစ်ပေါက်ဖောက်ခွဲခဲ့ကြောင်း ၎င်းအဖွဲ့များက အသိပေးသည်။

မြို့ပတ်လမ်းတစ်နေရာနှင့် ယာဥ်ထိန်းရုံးရှိ စစ်ကောင်စီတပ်များအား လက်ပစ်ဗုံး အကြီးစားများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါအကြမ်းဖက်စစ်တပ်သည် ပြည်သူလူထုအား မတရားအနိုင်ကျင့်ဖိနှိပ်မှုများ ပြုလုပ်နေသည်ဟု ပြည်သူများထံမှ သိရှိရကြောင်း၊ ရဲဘော်များ လုံခြုံရေးအရစစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမူအခြေအနေမသိရှိရသေးကြောင်း၊ရဲဘော်များ ဘေးကင်းလုံခြုံသောနေရာသို့ ပြန်လည်ရောက်ရှိကြောင်း၊ သင်္ကြန်ပွဲကာလတွင် ပြည်သူများအနေဖြင့် လမ်းမများပေါ်သို့ သွားလာမှု ရှောင်ရှားကြပါရန် အထူးမေတ္တာရပ်ခံအပ်ကြောင်း Unity Force Monywa က အသိပေးသည်။

Public Service Announcement

ယမန်နေ့ ညဦးပိုင်း ည ၇နာရီ ၁၅မိနစ်အချိန်က မုံရွာမြို့ အမြင့်လမ်းခွဲတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်အား လက်ပစ်ဗုံးတစ်လုံးဖြင့်လည်းကောင်း၊ နောက်ထပ် ၃မိနစ်ခန့်အကြာ ဘိုးဘွားရိပ်သာအဝိုင်းတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်အား လက်ပစ်ဗုံးတစ်လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook