Connect with us

Hi, what are you looking for?

News

ကရင်နီဒေသတိုက်ပွဲ လက်ဖြောင့်တပ်သားများ ပစ်ခတ်မှုကြောင့် ၃ရက်အတွင်း စစ်ကောင်စီတပ်လေးဦးသေ

အဆိုပါ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး စနိုက်ပါ အဖွဲ့ အနေဖြင့် ဧပြီ၆ရက်နှင့် ၇ရက်တိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ်များကို ပစ်ခတ်ခဲ့သည်ဟုဆိုသည်။

(အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့မှ စနိုက်ပါသမား ရဲ​ဘော်များကို ​တွေ့ရစဥ်)

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့နယ်၌ ယနေ့ ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို စနိုက်ပါဖြင့် ပစ်ခတ်သုတ်သင်နိုင်ခဲ့ကြောင်း အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန် သည်။

(အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့မှ စနိုက်ပါသမား ရဲ​ဘော်များကို ​တွေ့ရစဥ်)

ဧပြီ ၈ရက် နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ် ငွေတောင်ရွာသစ်တိုက်ပွဲ၌ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးစနိုက်ပါအဖွဲ့မှ ရဲ​ဘော်များက စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးအားပစ်ခတ်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး စနိုက်ပါ အဖွဲ့ အနေဖြင့် ဧပြီ၆ရက်နှင့် ၇ရက်တိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ်များကို ပစ်ခတ်ခဲ့သည်ဟုဆိုသည်။

(အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့မှ စနိုက်ပါသမား ရဲ​ဘော်များကို ​တွေ့ရစဥ်)

ဧပြီ ၇ရက်က ရန်သူ စစ်ကောင်စီတပ်၏ စနိုက်ပါသမားအား ပတ်ခတ်သုတ်သင်နိုင်ခဲ့ကြောင်း ဖော်ပြထားသော် လည်း မည်သည့်နေရာဒေသ၌ ဖြစ်ပွားသည့် တိုက်ပွဲဖြစ်သည်ကိုမူ ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

အလားတူ ဧပြီ ၆ရက်၌ဖြစ်ပွားသည့် ထိတွေ့တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးအား ပစ်ခတ်သုတ် သင်ခဲ့ကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။