Connect with us

Hi, what are you looking for?

News

အရာတော်နယ်တွင် စစ်ကောင်စီတပ်အား ဒေသတွင်းမဟာမိတ်တပ်ဖွဲ့ (၉)ဖွဲ့ပေါင်း၍ နှစ်ကြိမ်တိုင် ခုခံတိုက်ခိုက်

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်း မဟာမိတ်တပ်ဖွဲ့ (၉)ဖွဲ့ပေါင်း၍ နှစ်ကြိမ်တိုင်ခုခံတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ် မှငါး ဦးခန့်သေဆုံးကြောင်း Ayadaw Bone Naing PDF – A.B.N PDFအဖွဲ့က အသိပေး ထုတ်ပြန်သည်။

(Ayadaw Bone Naing PDF - A.B.N PDF အဖွဲ့မှ ရဲဘော်များကို တွေ့ရစဥ်)

စစ်ကောင်စီတပ် ငါးဦးခန့်သေဆုံးကြောင်း A.B.N PDFအဖွဲ့ အသိပေး

ဧပြီ ၇ရက် နံနက် ၇နာရီဝန်းကျင်က အရာတော်မှထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကားတစ်စီးအား တုံးတင်ကန် အနီးတွင် ပဒေသာမိုင်းလေး လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း၊ အကြမ်းဖက် စစ်တပ်က အချက်၅ဝထက်မနည်း ပြန်လည် ပစ်ခတ်သော်လည်း အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း A.B.N PDFက ထုတ်ပြန်သည်။

နံနက် ၁၀နာရီခွဲအချိန်တွင်လည်း အရာတော်ဘက်မှ မိုင်းရှင်းလင်းရန် ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ဝခန့် လိုက်ပါလာသည့် ခွေးဘီလူးကားသည် ကျွန်းဖိုလ်ပင်ရွာနှင့် ဆူးလေကုန်းချောင်းကျေးရွာ အကြားတွင် ကားရပ်၍ မိုင်းရှာနေချိန် မိုင်းသက်ကွင်းပေါ်သို့ စစ်သား ငါးဦး ရောက်လာသဖြင့် စလစ်လေးလုံး ပစ်မိုင်း နှစ်လုံးဖြင့် မိုင်းဆွဲခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးပြီး နှစ်ဦး အပြင်းအထန်ဒဏ်ရာ ရရှိသွား ကြောင်း၊ ကားအနီးနှင့် အခြားတွင်လိုက်ရှာနေသော စစ်သားများမှ နာရီဝက်ခန့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း PDFရဲဘော်များ အထိအခိုက် အကျအဆုံးမရှိ ဆုတ်ခွာနိုင် ကြောင်း A.B.N PDFက အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ မဟာမိတ်အဖွဲ့များအား ဆက်သွယ်မေးမြန်းထား သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို Ayadaw Bone Naing PDF – A.B.N PDF၊ မုံရွာခရိုင် တပ်ရင်း – ၄ (Chindwin Attack Force) ၏ တပ်ခွဲ – ၁ သပြေညို ပြောက်ကျားတပ်ဖွဲ့၊ ပတ္တမြားညီနောင် ပြောက်ကျားတပ်ဖွဲ့တို့မှ ဦးဆောင်၍ Ayardaw Falcon Force(AF2)၊ Knights Of The Red Land (KORL) ပြောက်ကျားတပ်ဖွဲ့၊ AMT မြေပြင်‌‌ ပြောက်ကျားတပ်ဖွဲ့ ၊ ၊ Excellent Flagတပ်ဖွဲ့၊ M.R.T.Fတပ်ဖွဲ့၊ The Guys Of Burma Revolution Force(GBRF) ညီနောင်မဟာမိတ် (၉)ဖွဲ့ တို့ မှ ပူးပေါင်း၍ လုပ်ဆောင်ခဲ့ သည်ဟု ၎င်းတို့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။