Connect with us

Hi, what are you looking for?

News

တလုပ်မြို့တွင် စစ်ကောင်စီ၏ အကြောင်းမဲ့ဖမ်းဆီးရိုက်နှက်ခံရပြီးနောက် ပြန်လည်ခုခံရန်ကြိုးပမ်းသည့် လူငယ်နှစ်ဦး မိုင်းမတော်တဆထိ ကျဆုံး

အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်မှုများကို မခံရပ်နိုင်၍တွန်းလှန်ရန်ကြိုးစားစဥ် မတော်တဆကျ ဆုံးခဲ့ရသည့် တလုပ်မြို့မှ လူငယ် နှစ်ဦးကိုဝမ်းနည်းစွာ လေးစားဂုဏ်ပြုကြောင်း မြင်းခြံလူထု လှုပ်ရှားမှုကော်မတီက သတင်း ထုတ်ပြန်သည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် တလုပ်မြို့ကျေးရွာအုပ်စုတွင် အကြမ်းဖက် စစ်ကောင်စီ၏ အကြောင်းမဲ့ဖမ်းဆီးရိုက်နှက်ခံရပြီးနောက် ပြန်လည်ခုခံတိုက်ခိုက်ရန်ကြိုးပမ်းခဲ့သည့် လူငယ်နှစ်ဦး မိုင်းမတော်တဆထိ၍ ကျဆုံးခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီက အသိပေးထုတ်ပြန်သည်။

ဧပြီ ၆ရက်‌ ည၇နာရီခန့်က မြင်းခြံမြို့နယ် တလုပ်မြို့ကျေးရွာအုပ်စု တလုပ်မြို့ရွာအနောက်ဖက် အဝင်တွင် မိုင်းမတော်တဆထိခိုက်မိပြီး တလုပ်မြို့‌ရွာမှ လူငယ်နှစ်ဦး ‌ကျဆုံးခဲ့ကြောင်း၊ အဆိုပါလူငယ် နှစ်ဦးမှာ ပြောက်ကျားတပ်ဖွဲ့ဝင်များမဟုတ်ဘဲ တလုတ်မြို့ကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်၏ အကြောင်းမဲ့ဖမ်းဆီးရိုက်နှက်ခံခဲ့ရပြီးနောက် နာကျည်းစိတ်ဖြင့် တပ်စွဲနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို တွန်းလှန်ဖို့ ကြိုးစားခဲ့ သူများဟုသိရှိရကြောင်း၊ လူငယ်နှစ်ဦးမှာ (၁၆)နှစ်နှင့် (၁၉)နှစ်အရွယ် များသာရှိသေးကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

“တလုပ်မြို့မှာတပ်စွဲ‌နေတဲ့ စခ(ဗက)တစ်ကောင်ကနေ အလောင်းသင်္ဂြိုလ်ခွင့် မပေးခဲ့ဘူးလို့ သိရှိရပြီး ကျဆုံးလူငယ် နှစ်ဦီးရဲ့အလောင်းကို တစ်ရွာလုံးထွက်ကြည့်ခိုင်းခဲ့ပါတယ်။အလောင်းဘယ်သူမှ လာမကောက်ရဘူး။ ပုပ်တဲ့အထိထားထားလို့ စခ(ဗက)တစ်ကောင်မှ ပြောကြားခဲ့တယ်လို့သိရှိရ ပါတယ်”ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ပြောသည်။

အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်မှုများကို မခံရပ်နိုင်၍တွန်းလှန်ရန်ကြိုးစားစဥ် မတော်တဆကျ ဆုံးခဲ့ရသည့် တလုပ်မြို့မှ လူငယ် နှစ်ဦးကိုဝမ်းနည်းစွာ လေးစားဂုဏ်ပြုကြောင်း မြင်းခြံလူထု လှုပ်ရှားမှုကော်မတီက သတင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မြင်းခြံမြို့နယ်ရှိ တလုပ်ကျေးရွာအုပ်စုသည် PDF အဖွဲ့များမပေါ်ပေါက်မီ နွေဦးတော်လှန်ရေး အစောပိုင်းကာလကတည်းက စစ်ကောင်စီတပ်များ၏ အကြမ်းဖက်ဖိနှိပ်မှုများကြောင့် ရရာလက်နက်ဖြင့် အစောဆုံးခုခံတိုက်ခိုက် ခဲ့သည့် ဒေသတစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာအုပ်စုမှာ အောက်တိုဘာ ၂၈ရက်ကတိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က ၁၅ဦး ထက်မနည်းသေဆုံးကာ လေယာဉ်ပစ်ကူအကြိမ်ကြိမ်ယူခဲ့တယ်လို့ တလုပ် PDFအဖွဲ့က ပြောပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။