Connect with us

Hi, what are you looking for?

News

တလုပ်မြို့တွင် စစ်ကောင်စီ၏ အကြောင်းမဲ့ဖမ်းဆီးရိုက်နှက်ခံရပြီးနောက် ပြန်လည်ခုခံရန်ကြိုးပမ်းသည့် လူငယ်နှစ်ဦး မိုင်းမတော်တဆထိ ကျဆုံး

အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်မှုများကို မခံရပ်နိုင်၍တွန်းလှန်ရန်ကြိုးစားစဥ် မတော်တဆကျ ဆုံးခဲ့ရသည့် တလုပ်မြို့မှ လူငယ် နှစ်ဦးကိုဝမ်းနည်းစွာ လေးစားဂုဏ်ပြုကြောင်း မြင်းခြံလူထု လှုပ်ရှားမှုကော်မတီက သတင်း ထုတ်ပြန်သည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် တလုပ်မြို့ကျေးရွာအုပ်စုတွင် အကြမ်းဖက် စစ်ကောင်စီ၏ အကြောင်းမဲ့ဖမ်းဆီးရိုက်နှက်ခံရပြီးနောက် ပြန်လည်ခုခံတိုက်ခိုက်ရန်ကြိုးပမ်းခဲ့သည့် လူငယ်နှစ်ဦး မိုင်းမတော်တဆထိ၍ ကျဆုံးခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီက အသိပေးထုတ်ပြန်သည်။

ဧပြီ ၆ရက်‌ ည၇နာရီခန့်က မြင်းခြံမြို့နယ် တလုပ်မြို့ကျေးရွာအုပ်စု တလုပ်မြို့ရွာအနောက်ဖက် အဝင်တွင် မိုင်းမတော်တဆထိခိုက်မိပြီး တလုပ်မြို့‌ရွာမှ လူငယ်နှစ်ဦး ‌ကျဆုံးခဲ့ကြောင်း၊ အဆိုပါလူငယ် နှစ်ဦးမှာ ပြောက်ကျားတပ်ဖွဲ့ဝင်များမဟုတ်ဘဲ တလုတ်မြို့ကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်၏ အကြောင်းမဲ့ဖမ်းဆီးရိုက်နှက်ခံခဲ့ရပြီးနောက် နာကျည်းစိတ်ဖြင့် တပ်စွဲနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို တွန်းလှန်ဖို့ ကြိုးစားခဲ့ သူများဟုသိရှိရကြောင်း၊ လူငယ်နှစ်ဦးမှာ (၁၆)နှစ်နှင့် (၁၉)နှစ်အရွယ် များသာရှိသေးကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

“တလုပ်မြို့မှာတပ်စွဲ‌နေတဲ့ စခ(ဗက)တစ်ကောင်ကနေ အလောင်းသင်္ဂြိုလ်ခွင့် မပေးခဲ့ဘူးလို့ သိရှိရပြီး ကျဆုံးလူငယ် နှစ်ဦီးရဲ့အလောင်းကို တစ်ရွာလုံးထွက်ကြည့်ခိုင်းခဲ့ပါတယ်။အလောင်းဘယ်သူမှ လာမကောက်ရဘူး။ ပုပ်တဲ့အထိထားထားလို့ စခ(ဗက)တစ်ကောင်မှ ပြောကြားခဲ့တယ်လို့သိရှိရ ပါတယ်”ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ပြောသည်။

အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်မှုများကို မခံရပ်နိုင်၍တွန်းလှန်ရန်ကြိုးစားစဥ် မတော်တဆကျ ဆုံးခဲ့ရသည့် တလုပ်မြို့မှ လူငယ် နှစ်ဦးကိုဝမ်းနည်းစွာ လေးစားဂုဏ်ပြုကြောင်း မြင်းခြံလူထု လှုပ်ရှားမှုကော်မတီက သတင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မြင်းခြံမြို့နယ်ရှိ တလုပ်ကျေးရွာအုပ်စုသည် PDF အဖွဲ့များမပေါ်ပေါက်မီ နွေဦးတော်လှန်ရေး အစောပိုင်းကာလကတည်းက စစ်ကောင်စီတပ်များ၏ အကြမ်းဖက်ဖိနှိပ်မှုများကြောင့် ရရာလက်နက်ဖြင့် အစောဆုံးခုခံတိုက်ခိုက် ခဲ့သည့် ဒေသတစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook