ယမန်နေ့ (ဧပြီ ၇ရက်) ည ၁၀နာရီခွဲခန့်က မုံရွာမှ အရာတော်သို့ ဦးတည်မောင်းနှင်လာသော တင့်ကားများ တင်ဆောင်လာသည့် စစ်ကောင်စီတပ်၏ ယာဉ်(၉)စီးပါ ကားတန်းကို ရေနံဘိုရွာနှင့်ဝါးတန်းရွာအကြားတွင် ပဒေသာမိုင်း(၅) လုံး၊တူမီးရှေ့ထွက်ကြီး(၂)လုံး ဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်၏ ကားနှစ်စီးထိခိုက်ပျက်စီးခဲ့ပြီး ကားပေါ်ရှိ စစ်ကောင်စီတပ်သား ယအများအပြားထိခိုက်ဒဏ်ရာရရှိပြီး အသေအပျောက် ရှိနိုင်ကြောင်း Knights Of The Red Land(KORL)ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။
“မုံရွာ- ရွှေဘိုလမ်းပေါ် တိုက်ခိုက်ခဲ့တာပါ။”ဟု Knights Of The Red Land(KORL)ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှု အပြီးတွင်ကားတစ်စီးမှာ ကြောက်လန့်၍ ရှေ့သို့ဆက်မသွားတော့ဘဲ မုံရွာဘက်သို့ ပြန်လည်ထွက်ပြေးသွားခဲ့သည်ဟု Knights Of The Red Land(KORL) ပြောက်ကျားတပ်ဖွဲ့က ပြောသည်။
ယခုစစ်ဆင်ရေးကိုKnights Of The Red Land (KORL)ပြောက်ကျားတပ်ဖွဲ့၊ ပတ္တမြားညီနောင် ပြောက်ကျားတပ်ဖွဲ့တို့မှဦးဆောင်၍ သပြေညိုပြောက်ကျားတပ်ဖွဲ့၊Ayardaw Bone Naing (A.B.N.PDF)၊ Ayardaw Falcon Force(AF2)၊ AMTမြေပြင် ပြောက်ကျားတပ်ဖွဲ့ ၊ Excellent Flag တပ်ဖွဲ့၊ M.R.T.F တပ်ဖွဲ့၊ The Guys Of Burma Revolution၊ Force(GBRF)တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ၎င်းတို့က အသိပေးသည်။
ယမန်နေ့ နံနက်ပိုင်းကလည်း အရာတော်နယ်တွင် စစ်ကောင်စီတပ်အား ဒေသတွင်းမဟာမိတ်တပ်ဖွဲ့ (၉)ဖွဲ့ပေါင်း၍ နှစ်ကြိမ်တိုင် ခုခံတိုက်ခိုက် စစ်ကောင်စီတပ် ငါးဦးခန့်သေဆုံးကြောင်း A.B.N PDFအဖွဲ့ အသိပေးထားသည်။