Connect with us

Hi, what are you looking for?

LuduNwayOo

News

အရာ​တော်တွင် တင့်ကားများသယ်​ဆောင်လာသည့် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် တင့်ကားများသယ်ဆောင်လာသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားများအသေအပျောက်ရှိနိုင်ကြောင်း Knights Of The Red Land(KORL)ပြောက်ကျားတပ်ဖွဲ့ က ပြောသည်။

ယမန်နေ့ (ဧပြီ ၇ရက်) ည ၁၀နာရီခွဲခန့်က မုံရွာမှ အရာတော်သို့ ဦးတည်မောင်းနှင်လာသော တင့်ကားများ တင်ဆောင်လာသည့် စစ်ကောင်စီတပ်၏ ယာဉ်(၉)စီးပါ ကားတန်းကို ရေနံဘိုရွာနှင့်ဝါးတန်းရွာအကြားတွင် ပဒေသာမိုင်း(၅) လုံး၊တူမီးရှေ့ထွက်ကြီး(၂)လုံး ဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်၏ ကားနှစ်စီးထိခိုက်ပျက်စီးခဲ့ပြီး ကားပေါ်ရှိ စစ်ကောင်စီတပ်သား ယအများအပြားထိခိုက်ဒဏ်ရာရရှိပြီး အသေအပျောက် ရှိနိုင်ကြောင်း Knights Of The Red Land(KORL)ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။

“မုံရွာ- ရွှေဘိုလမ်းပေါ် တိုက်ခိုက်ခဲ့တာပါ။”ဟု Knights Of The Red Land(KORL)ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှု အပြီးတွင်ကားတစ်စီးမှာ ကြောက်လန့်၍ ရှေ့သို့ဆက်မသွားတော့ဘဲ မုံရွာဘက်သို့ ပြန်လည်ထွက်ပြေးသွားခဲ့သည်ဟု Knights Of The Red Land(KORL) ​ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

ယခုစစ်ဆင်ရေးကိုKnights Of The Red Land (KORL)​​ပြောက်ကျားတပ်ဖွဲ့၊ ပတ္တမြားညီနောင် ​ပြောက်ကျားတပ်ဖွဲ့တို့မှဦးဆောင်၍ သပြေညို​​ပြောက်ကျားတပ်ဖွဲ့၊Ayardaw Bone Naing (A.B.N.PDF)၊ Ayardaw Falcon Force(AF2)၊ AMTမြေပြင် ​ပြောက်ကျားတပ်ဖွဲ့ ၊ Excellent Flag တပ်ဖွဲ့၊ M.R.T.F တပ်ဖွဲ့၊ The Guys Of Burma Revolution၊ Force(GBRF)တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ၎င်းတို့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ နံနက်ပိုင်းကလည်း အရာတော်နယ်တွင် စစ်ကောင်စီတပ်အား ဒေသတွင်းမဟာမိတ်တပ်ဖွဲ့ (၉)ဖွဲ့ပေါင်း၍ နှစ်ကြိမ်တိုင် ခုခံတိုက်ခိုက် စစ်ကောင်စီတပ် ငါးဦးခန့်သေဆုံးကြောင်း A.B.N PDFအဖွဲ့ အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။