Connect with us

Hi, what are you looking for?

News

ဗိုလ်မှူးတစ်ဦး လိုက်ပါလာသည့်ယာဥ်ကို PDF ​တောင်သာ အနီးကပ်ပစ်ခတ်တိုက်ခိုက်

တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် PDF တောင်သာ ရဲဘော်သုံးဦးစလုံး အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ် ဗိုလ်မှူးတစ်ဦး လိုက်ပါလာသည့် ယာဥ်ကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးသူနှစ်ဦးရှိနိုင်ကြောင်း PDF တောင်သာမှ တာဝန်ရှိသူက People’s Springသို့ ပြောသည်။

ယနေ့(ဧပြီ ၁၀ ရက်) နံနက် ၃နာရီ ၄၈မိနစ်တွင် NPT 1L/3637 Doublecup ယာဥ်ကို တောင်သာမြို့နယ်၏ ရုံစည်တိုက်နယ် သံဖိုဇရပ်အနီးတွင် ရိုင်ဖယ်စုံ သုံးလက်ဖြင့် အချက်လေးဆယ်ခန့် ပစ်ခတ်နိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

“ရှောင်တခင် သတင်းဝင်လာတာ။အဲဒီအချိန်ကျွန်တော်တို့ မိုင်းဆင်ဖို့အချိန်မရှိတော့ဘူး။စောင့်ပစ်ဖို့ ဆုံးဖြတ်လိုက်တာ။အနီးကပ်ရောက်မှ အတည်ပြုပြီး ပစ်တာ။နှစ်ဦးလောက်သေနိုင်တယ်။စခ ဗိုလ်မှူး သေ၊မသေတော့မသိရသေးဘူး။တပ်အပ်ကတော့ သုံးယောက် အနည်းဆုံးထိ ခိုက်နိုင်တယ်”ဟု အထက်ပါတာဝန်ရှိသူက တိုက်ခိုက်မှုဖြစ်စဥ်ကို ရှင်းပြသည်။

တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် PDF တောင်သာ ရဲဘော်သုံးဦးစလုံး အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း သိရသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တောင်သာမြို့နယ်မှ စစ်ကောင်စီ ထောက်တိုင်အဖြစ်ရပ်တည်နေ​သော ကမ္ဘာလုံး တောင် ဆီဆိုင်အား ယနေ့ နံနက်ပိုင်းက သတိပေး ဗုံးတစ်လုံးပစ်သွင်းခဲ့ပြီး သတိပေးခဲ့ကြောင်းလည်း PDF တောင်သာက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

မန္ဆလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဆီမီးကန်ကျေးရွာအုပ်စုမှာ ချောင်းရေကြီးလို့ ကျေးရွာထဲ ရေဝင်ပြီး သီးနှံတွေ ရေမြုပ်ပျက်စီးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook