Connect with us

Hi, what are you looking for?

News

ဖားကန့်မြို့ပေါ် ပေါက်ကွဲသံနှင့်ပစ်ခတ်သံများ ညနက်ပိုင်းအထိကြားနေရ

မြို့ခံများသည် အပြင်မထွက်ဘဲ အခြေအနေကိုစောင့်ကြည့်နေကြသည်။ ည ၁၁နာရီခန့်တွင် သေနတ်သံနှစ်ချက် ထပ်မံထွက်ပေါ်လာသည်ဟု ဒေသခံများကပြောသည်။

(ဖားကန့်မြို့တစ်​နေရာ -ပုံအ​ဟောင်းဖြစ်ပါသည်)

ဖားကန့်မြို့ပေါ်တွင် ယနေ့ညနက်ပိုင်းက ပေါက်ကွဲမှုနှစ်ကြိမ်ဆက်ဖြစ်ပွားပြီးနောက် သေနတ်ပစ်ခတ်သံများကြားနေရသည်ဟု ဒေသခံများကပြောသည်။

ပေါက်ကွဲမှုသည်ဖားကန့်၏ အချက်အခါကျသည့် နေရာဖြစ်သော ဥရုချောင်းတံတားအနီးတွင် ည ၁၀ နာရီ ၁၀မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ပေါက်ကွဲသံနှစ်ကြိမ်ဆက်ကြားတယ်။ ပြီးတော့ ချက်ချင်းပဲ သေနတ်သံတွေကြားရတယ်။ နှစ်ဖက်ပစ်ခတ်သံမျိုးကြားရတာ”ဟု ဖားကန့်ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

မြို့ခံများသည် အပြင်မထွက်ဘဲ အခြေအနေကိုစောင့်ကြည့်နေကြသည်။ ည ၁၁နာရီခန့်တွင် သေနတ်သံနှစ်ချက် ထပ်မံထွက်ပေါ်လာသည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

ဧပြီ၁ရက်ညကလည်းဖားကန့် မြို့နယ်လျှပ်စစ်ရုံးတွင်ပေါက်ကွဲမှုဖြစ်ခဲ့ပြီး စစ်ကောင်စီ၏ ကားတစ်စီးပျက်စီးခဲ့သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများအား​ကောင်း​သော ဖားကန့်တွင် ဒေသခံများသည် KIAနှင့် PDFအား ထောက်ခံကြောင်းနှင့် ဘေးကင်းရေးဆု​တောင်းပွဲများ၊ စစ်ကောင်စီကျရှုံးရေးလူထုသပိတ်များကို နေ့စဥ်ပြုလုပ်နေသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဖြစ်ပွားခဲ့သည့် ဖားကန့်ဒေသတိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်းမှူးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်များစွာ​ သေဆုံးပြီး အထိနာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ် စစ်ကြောင်းတွေရှိနေလို့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)က လုံခြုံရေးသတိပေးချက်နဲ့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် - ကာမိုင်းလမ်းပိုင်းမှာ စစ်တပ်က အရပ်သားကားကို ထပ်မံပစ်ခတ်လို့ ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။