Connect with us

Hi, what are you looking for?

News

KNLA ဆေးမှူး​ဟောင်း စောအောင်ထူးကို အကြမ်းဖက်စစ်တပ်က ညှင်းပန်းနှိပ်စက် သတ်ဖြတ်

စောအောင်ထူးသည် ဒဏ်ရာနှင့်ပင် အကြမ်းဖက်စစ်တပ်မှ နှစ်ဦးကိုပြန်လည်ပစ်ခတ်နိုင်ခဲ့ပြီး ၎င်းကို အကြမ်းဖက်စစ်တပ်က အရှင်ဖမ်းမိခဲ့သည်ဟု ဆိုသည်။

ဆေးမှူး စောအောင်ထူးအား မိသားစုနှင့်အတူ​တွေ့ရစဥ်၊ဓာတ်ပုံ - Free Burma Rangers

ကရင်ပြည်နယ်၊ ဒူးပလာခရိုင် ဆေးမှူး စောအောင်ထူးကို အကြမ်းဖက်စစ်တပ်က ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့ကြောင်း Free Burma Rangers အဖွဲ့က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်တွင် ဆေးမှူးစောအောင်ထူးတို့အဖွဲ့ကို မြန်မာစစ်တပ်က စတင်ပစ်ခတ်ခဲ့ပြီး အားလုံးက လွတ်မြောက်ရန်ကြိုးစားခဲ့ရာ စောအောင်ထူးက စစ်တပ်၏ စက်သေနတ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

စောအောင်ထူးသည် ဒဏ်ရာနှင့်ပင် အကြမ်းဖက်စစ်တပ်မှ နှစ်ဦးကိုပြန်လည်ပစ်ခတ်နိုင်ခဲ့ပြီး ၎င်းကို အကြမ်းဖက်စစ်တပ်က အရှင်ဖမ်းမိခဲ့သည်ဟု ဆိုသည်။

မတ်လ ၂၅ ရက် နံနက်တွင် စောအောင်ထူး၏အဖွဲ့သားများက ၎င်း၏ရုပ်အလောင်းကို ကောက်ယူခဲ့ရာ ဆိုးရွားသောနှိပ်စက်ဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရကြောင်း Free Burma Rangers က ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

စောအောင်ထူး၏ ခြေလက်အစိတ်အပိုင်းအားလုံးနီးပါး ကျိုးကြေနေပြီး အူများလည်း ထွက်ကျနေကာ ၎င်း၏ဦးခေါင်းအစိတ်အပိုင်းကို စုတ်ဖြဲခံထားရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

စောအောင်ထူးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း-၁၇ တွင် တာဝန်ထမ်းဆောင်ခဲ့ကာ အစောပိုင်းက ၎င်းသည် Free Burma Rangers မစ်ရှင်အဖွဲ့၏ လုံခြုံရေးနှင့် ဆေးမှူးတာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၎င်းတွင် ဇနီးသည်၊ ၆ နှစ်အရွယ် သမီးတစ်ဦး၊ ၃ နှစ်အရွယ် သားတစ်ဦးကျန်ရစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း

အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ထိခိုက်

Trending

Facebook