Connect with us

Hi, what are you looking for?

News

ကလေးမြို့ နတ်ချောင်းရွာကို စစ်ကောင်စီတပ်မီးရှို့၍ နေအိမ်၁၀၀ကျော် မီးလောင်ဆုံးရှုံး

“ဘယ်ဘာသာရေး အဆုံးအမကိုမှ နှလုံးသားထဲထိ ရောက်ရှိခဲ့ကြဟန်မတူ။ ယုတ်မာတဲ့ အလုပ်ပဲ လုပ်တတ်ကြတော့တဲ့ လူယုတ်တစု”ဟု ဒေသခံတစ်ဦးက ပြစ်တင်ရှုတ်စွာ ပြောသည်။

စစ်ကောင်စီတပ်ကမီးရှို့၍ နတ်​ချောင်းရွာမီးလောင်စဥ်။ ဓါတ်ပုံ-CJ

ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့်ဒေသခံများ၏ ဖုန်း ၂၆၁လုံး လုယူသွား

စစ်ကိုင်းတိုင် ကလေးမြို့ နတ်ချောင်းကျေးရွာမှ နေအိမ် ၁၀၀ကျော်ကို အကြမ်းဖက် စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားပြီး ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် ဒေသခံများ၏ ဖုန်းအလုံးရေ ၂၀၀ကျော်ကို လုယူသွားသည်။

နတ်ချောင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ယနေ့(ဧပြီ ၁၁ရက်) နံနက်ကစတင် မီးရှို့ခဲ့ရာ ညနေ ၄နာရီအထိစာရင်းအရ နေအိမ်၁၀၀ကျော် မီးလောင်သွားသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် နတ်ချောင်းဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များ၏ ဖုန်း ၂၆၁လုံးကို အတင်းအဓမ္မလုယူသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ဒေသခံများက အလွန်နာကြည်းနေကြသည်။ နေအိမ်များ မီးလောင်နေချိန်တွင် မိုးသဲသဲမဲမဲ ရွာပါစေဟု ဆုတောင်းရင်း ငိုကြွေးနေခဲ့ကြ သည်ဟု ဆိုသည်။

နတ်​ချောင်းရွာကိုစစ်​ကောင်စီတပ်ကမီးရှို့၍ မီး​လောင်​နေသည်ကို ​​​ငေးကြည့်​နေ​သော ​ဒေသခံပြည်သူအချို့။ဓာတ်ပုံ-CJ

“ဘယ်ဘာသာရေး အဆုံးအမကိုမှ နှလုံးသားထဲထိ ရောက်ရှိခဲ့ကြဟန်မတူ။ ယုတ်မာတဲ့ အလုပ်ပဲ လုပ်တတ်ကြတော့တဲ့ လူယုတ်တစု”ဟု ဒေသခံတစ်ဦးက ပြစ်တင်ရှုတ်စွာ ပြောသည်။

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်သည် နတ်ချောင်းရွာသာမကဘဲ ကလေးမြို့နယ် တောင်ပိုင်းရှိ ကျေးရွာများကို အငြိုးတကြီးဖျက်ဆီးနေသည်ဟု ကလေးမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။ အိုးပစ်၊အိမ်ပစ်ပြေးနေရသည့် အဖြစ်ဆိုးများ ဆက်လက်မကြုံ စေရေးအတွက် စစ်အာဏာရှင် တော်လှန်ရေးအားအမြန် အဆုံးသတ်နိုင်မှဖြစ်မည်ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်ကမီးရှို့၍ နတ်​ချောင်းရွာမိး​လောင်စဥ်။ ဓါတ်ပုံ-CJ

” ကလေးတောင်ပိုင်းမှာ ရွာစဉ်လိုက်မီးရှို့ခံနေရပြီး ဒီနေ့လည်းနတ်ချောင်းရွာကို တတိယ အကြိမ် ထပ်ရှို့ကြတယ်။ ဒီကာလကို မြန်မြန်ပြီးဆုံးနိူင်ဖို့ဆိုရင် PDF တွေအနေနဲ့ ရှိတာနဲ့ ပစ်ပြေးရတဲ့အခြေအနေကနေ တိုက်သိမ်းနိူင်တဲ့ အခြေအနေရောက်ဖို့ အမြန်လိုအပ်တာပဲ”ဟု ကလေးမြို့ ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ ရဲဘော်က မှတ်ချက်ပြုသည်။

အိမ်ခြေ ၂,၀၀၀နီးပါးရှိသော နတ်ချောင်းရွာကို စစ်ကောင်စီက ၂၀၂၁ ဒီဇင်ဘာကစတင်ကာ အကြမ်းဖက်ဖျက်ဆီးနေခြင်းဖြစ်သည်။ ဒေသခံ ၃၀ဦးထက်မနည်းကိုလည်း သတ်ဖြတ်ခဲ့သည်။

ဒေသခံများသည် ရွာတွင်မနေရဲ၍ ဘုန်းကြီးကျောင်းနှင့် ရွာအနီး တောင်ယာများ တွင် တဲတိုး၍ စစ်ဘေးရှောင်နေကြရသည်။ ယခုတစ်ကြိမ်နှင့်ဆိုလျှင် ငါးလခန့်အတွင်း လေးကြိမ်မီးရှို့ ဖျက်ဆီးခံရခြင်းဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။