Connect with us

Hi, what are you looking for?

News

ပဲခူးတိုင်း PDF တပ်ရင်းများက စစ်​ကောင်စီ၏စစ်ရေးပစ်မှတ် ငါးနေရာတိုက်ခိုက်ခဲ့

ပဲခူးတိုင်း PDF တပ်ရင်းများမှ စစ်ရေးပစ်မှတ်အဖြစ် စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင် နေရာ ငါး ကိုတိုက်ခိုက်ခဲ့ကြောင်း ယနေ့ (ဧပြီ ၁၃)ထုတ်ပြန်သည်။

(ခရမ်းမြို့နယ်တွင် စစ်ကာင်စီတပ်၏စစ်​ဆေး​ရေးဂိတ်ကို PDF များကတိုက်ခိုက်စဥ်။ ဓါတ်ပုံ-ပဲခူးခရိုင်PDF)

တိုက်ခိုက်မှုများကို ယနေ့ ဧပြီ ၁၃ ရက်တွင် သုံးနေရာနှင့် ယမန်နေ့(ဧပြီ ၁၂)ညပိုင်းတွင် နှစ်နေရာတိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုများကို ပဲခူးခရိုင် PDF တပ်ရင်း(၁)၊ တပ်ခွဲ(၂)နှင့် ပြည်ခရိုင် PDF တပ်ရင်း(၁)၊ တပ်ခွဲ(၂)တို့မှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ဧပြီ ၁၃ ရက်(ယနေ့)တိုက်ခိုက်မှုများတွင် နံနက် ၂ နာရီခန့်၌ ညောင်လေးပင်မြို့နယ် ကြိုးကြာကွင်းနှင့် လက်ပံပုကြား ကင်းပတ်နေသော စစ် ယာဥ်တန်းအား လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်အချို့ထိခိုက်ဒဏ်ရာရှိခဲ့သည်။

အလားတူ ပဲခူးခရိုင် PDF နှင့်အတူ ကဝ – KPDF နှင့် PDF – Khayan တို့ပူးပေါင်းပြီး ယနေ့နံနက် ၁၁ နာရီ ၄၀ တွင် ခရမ်းမြို့ ဇွဲတွန်စစ် ဆေးရေးဂိတ်အား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်းထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲတွင် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၄၀ ခန့်ဖြစ်ပွားခဲ့ပြီး PDF ပူးပေါင်းတပ်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်က​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထိုအပြင်ယ​နေ့ ည​နေတွင်စ စစ်​ကောင်စီခန့်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်သည့် ပဲခူးတိုင်းဒေသကြီးဗဟိုမဏ္ဍာပ်လုံခြုံရေး ရဲဂိတ်အား ပဲခူးခရိုင်PDFတပ်ရင်း မှလက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုတွင် တပင်ရွှေထီးလမ်း လုံခြုံရေးရဲဂိတ်မှ ရဲများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နောက်ဆက်တွဲသတင်းကိုအတည်ပြုလျက်ရှိပါသည်။

အလားတူဧပြီ ၁၂ ရက်(ယမန်နေ့)တိုက်ခိုက်မှုများတွင် ပြည်ခရိုင် PDF တပ်ရင်း (၁)၊ တပ်ခွဲ (၂)မှ ယင်းနေ့ည ၉ နာရီ ၅၀ ခန့်တွင် ပေါင်းတည်မြို့ ဘွဲ့ပင်ကန်ရပ်ကွက် ဒလန်မြင့်ဆန်းအိမ်ခြံဝန်းအ တွင်းသို့ သတိပေးဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့အပြင် ယမန်နေ့ည ၁၁ နာရီခန့်တွင် ပေါင်းတည်မြို့ရှိ စစ်ကောင်စီဆောက်လုပ်သောဗဟိုမဏ္ဍပ်အနီး သတိပေးသည့်အနေဖြင့် ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်းပါရှိ သည်။

ပဲခူးတိုင်း PDF တပ်ရင်းများအနေဖြင့် အကြမ်း ဖက်စစ်ကောင်စီအား နည်းလမ်းပေါင်းစုံဖြင့် ယခုထက်ပိုမိုကာ အရှိန်ဟုတ်မြှင့်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။အကြမ်းဖက်စစ်ကောင်စီတပ်များအား အရှိန်အဟုန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့်စစ်​ကောင်စီကပြုလုပ်သော ပျော်ပွဲရွှင်ပွဲများတွင်ပါဝင်ခြင်း မပြုကြပါရန်လည်းပဲခူးတိုင်း​ဒေသPDFကတိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ