Connect with us

Hi, what are you looking for?

News

ရွှေဘိုမြို့နယ်တွင် ပျူ​စောထီးအဖွဲ့ကို ​ဒေသကာကွယ်​ရေးတပ်များ စီးနင်းတိုက်ခိုက်ရာ စစ်​ကောင်စီဗိုလ်တစ်ဦးနှင့် ပျူနှစ်ဦး​သေ

ပျူစောထီးခေါင်ဆောင်ဌေးအောင်သည် ဒေသတွင်းနီစပ်ရာကျေးရွာများရှိ နေအိမ်များကို ဝင်ရောက်စီးနင်းခြင်း၊လူသတ်ခြင်း၊နေအိမ်မီးရှို့ခြင်းနှင့် ဖမ်းဆီးငွေညှစ်မှုများစွာပြုလုပ်ထားသူ အဖြစ် တော်လှန်ရေးအင်အားစုများက သတ်မှတ်ထားသည်။

▪️လက်နက်သုံးလက် သိမ်းဆည်းရရှိ၊ ပျူ​ခေါင်း​ဆောင်​ဌေး​အောင် လွတ်​မြောက်သွား​သော်လည်း ရှာ​ဖွေရှင်းလင်းမည်ဟုဆို

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် မြင်းစီး​ကျေးရွာရှိ ပျူစောထီးအဖွဲ့ကို ​ဒေသကာကွယ်​ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းရာ စစ်ကောင်စီဗိုလ်တစ်ဦးနှင့် ပျူစောထီးနှစ်ဦးသေဆုံးပြီး လက်နက်သုံးလက်ရရှိကြောင်း ShweBo Fighter One က ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၁၄ ရက်)နံနက် ၆နာရီခန့်က Shwe Bo Fighter One၊One Day Revolutiong Forge၊ Fighter Dargon နှင့် Lwgrs Hero Army Khin U အဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

မြင်းစီးရွာမှ ပျူစောထီးခေါင်းဆောင် ဌေးအောင်ကိုလိုက်လံရှာဖွေခဲ့သော်လည်း ၎င်းတို့မဟာ မိတ်ပျူရွာဖြစ်သော တည်သီးတော​​​ကျေးရွာသို့ ထွက်ပြေးသွားသဖြင့် ဌေးအောင်အား လက်လွတ်လိုက်ရသည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

” မိနစ် ၂၀ ဝန်းကျင်လောက်ကြာတယ်။အပြန်အ လှန်ပစ်တာ။ကျွန်တော်တို့ဘက်က အထိအခိုက်မရှိ ပြန်ဆုတ်လာနိုင်ခဲ့တယ်”ဟု Shwe Bo Fighter One အဖွဲ့တာဝန်ရှိသူက ပြောသည်။

သို့သော် အကြမ်းဖက်စစ်ကောင်စီခန့် ပျူစောထီးခေါင်းဆောင်ဌေးအောင်အား လိုက်လံရှင်းလင်း သုတ်သင်သွားမည်ဖြစ်ကြောင်း ShweBo Fighter One အဖွဲ့နှင့် မဟာမိတ် ညီနောင်များမှ ကတိပြု သည်။

ပျူစောထီးခေါင်ဆောင်ဌေးအောင်သည် ဒေသတွင်းနီစပ်ရာကျေးရွာများရှိ နေအိမ်များကို ဝင်ရောက်စီးနင်းခြင်း၊လူသတ်ခြင်း၊နေအိမ်မီးရှို့ခြင်းနှင့် ဖမ်းဆီးငွေညှစ်မှုများစွာပြုလုပ်ထားသူ အဖြစ် တော်လှန်ရေးအင်အားစုများက သတ်မှတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook