Connect with us

Hi, what are you looking for?

News

ကျောက်ထုမြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ကျေးရွာများအနီး ပစ်ခတ်နေ

“အသံတွေတော့ ကြားနေရတာပဲ။ တိုက်ပွဲကတော့ မဖြစ်ဘူး။ ဟိုမှာ သင်တန်းဆင်းပွဲတွေရှိတယ် ထင်တယ်။ ရွာလေးတွေမှာ PDF သင်တန်းဆင်းပွဲရှိတာကို ထုတာလို့ထင်တယ်။ မလုပ်ရဲအောင် ပေါ့။ဒါက ကျွန်တော်ခန့်မှန်းတာပါ”ဟု ဆောဒေသခံတစ်ဦးက ပြောသည်။

မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုမြို့အခြေစိုက် စစ်ကောင်စီတပ်က ဒေသတွင်းရှိ ကျေးရွာအချို့အနီး လက်နက်ကြီးများဖြင့် အကြိမ်ကြိမ်ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

“အသံတွေတော့ ကြားနေရတာပဲ။ တိုက်ပွဲကတော့ မဖြစ်ဘူး။ ဟိုမှာ သင်တန်းဆင်းပွဲတွေရှိတယ် ထင်တယ်။ ရွာလေးတွေမှာ PDF သင်တန်းဆင်းပွဲရှိတာကို ထုတာလို့ထင်တယ်။ မလုပ်ရဲအောင် ပေါ့။ဒါက ကျွန်တော်ခန့်မှန်းတာပါ”ဟု ဆောဒေသခံတစ်ဦးက ပြောသည်။

ယနေ့ (ဧပြီ ၁၅ရက်) နံနက် ၉နာရီခွဲမှစ၍ ကျောက်ထုအမြောက်တပ်မှ မယ်လယ်ကုန်းနှင့် လှော်၀ အနီးတစ်၀ိုက်သို့ လက်နက်ကြီးဖြင့် ၁၄ချက် ပစ်ခတ်ခဲ့ကြောင်း မင်းတပ်မြို့နယ်ချင်းဒေသကာကွယ်ရေးတပ်(CDF)က ထုတ်ပြန်သည်။

Public Service Announcement

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများထိခိုက်မှုရှိ၊မရှိ အခြေအနေကို ဖော်ပြမထား သော်လည်း ပြည်သူလူထုများ အထူးဂရုစိုက်ကြရန် တိုက်တွန်းထားသည်။ အဆိုပါ ကျောက်ထု ဒေသတွင် မင်းတပ် CDFတပ်များလည်း လှုပ်ရှားမှုရှိခဲ့ပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှု ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

CDF တပ်ဖွဲ့များအနေဖြင့် ဆောနှင့်နယ်မြေချင်းဆက်နေသည့် ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကိုလည်း ဒေသတွင်း ကာကွယ်ရေးတပ်များနှင့် ပူပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။