Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျောက်ထုမြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ကျေးရွာများအနီး ပစ်ခတ်နေ

“အသံတွေတော့ ကြားနေရတာပဲ။ တိုက်ပွဲကတော့ မဖြစ်ဘူး။ ဟိုမှာ သင်တန်းဆင်းပွဲတွေရှိတယ် ထင်တယ်။ ရွာလေးတွေမှာ PDF သင်တန်းဆင်းပွဲရှိတာကို ထုတာလို့ထင်တယ်။ မလုပ်ရဲအောင် ပေါ့။ဒါက ကျွန်တော်ခန့်မှန်းတာပါ”ဟု ဆောဒေသခံတစ်ဦးက ပြောသည်။

မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုမြို့အခြေစိုက် စစ်ကောင်စီတပ်က ဒေသတွင်းရှိ ကျေးရွာအချို့အနီး လက်နက်ကြီးများဖြင့် အကြိမ်ကြိမ်ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

“အသံတွေတော့ ကြားနေရတာပဲ။ တိုက်ပွဲကတော့ မဖြစ်ဘူး။ ဟိုမှာ သင်တန်းဆင်းပွဲတွေရှိတယ် ထင်တယ်။ ရွာလေးတွေမှာ PDF သင်တန်းဆင်းပွဲရှိတာကို ထုတာလို့ထင်တယ်။ မလုပ်ရဲအောင် ပေါ့။ဒါက ကျွန်တော်ခန့်မှန်းတာပါ”ဟု ဆောဒေသခံတစ်ဦးက ပြောသည်။

ယနေ့ (ဧပြီ ၁၅ရက်) နံနက် ၉နာရီခွဲမှစ၍ ကျောက်ထုအမြောက်တပ်မှ မယ်လယ်ကုန်းနှင့် လှော်၀ အနီးတစ်၀ိုက်သို့ လက်နက်ကြီးဖြင့် ၁၄ချက် ပစ်ခတ်ခဲ့ကြောင်း မင်းတပ်မြို့နယ်ချင်းဒေသကာကွယ်ရေးတပ်(CDF)က ထုတ်ပြန်သည်။

Public Service Announcement

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများထိခိုက်မှုရှိ၊မရှိ အခြေအနေကို ဖော်ပြမထား သော်လည်း ပြည်သူလူထုများ အထူးဂရုစိုက်ကြရန် တိုက်တွန်းထားသည်။ အဆိုပါ ကျောက်ထု ဒေသတွင် မင်းတပ် CDFတပ်များလည်း လှုပ်ရှားမှုရှိခဲ့ပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှု ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

CDF တပ်ဖွဲ့များအနေဖြင့် ဆောနှင့်နယ်မြေချင်းဆက်နေသည့် ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကိုလည်း ဒေသတွင်း ကာကွယ်ရေးတပ်များနှင့် ပူပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။