Connect with us

Hi, what are you looking for?

News

ပေါင်းတည်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သုံးဦးသေ၊ စစ်တပ်က ကျေးရွာတစ်ရွာကို မီးရှို့သွား

တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု မိနစ်၂၀ ခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကာ ဒဏ်ရာရရှိသူအချို့ရှိခဲ့သည်ဟုထုတ်ပြန်သည်။

(၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ပေါင်းတည်မြို့နယ် လဲပင်ကျေးရွာအား အကြမ်းဖက်စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓါတ်ပုံ-BRPDF)

ပဲခူးတိုင်းပေါင်းတည်တွင် စစ်ကောင်စီတပ် တပ်စွဲထားသည့်နေရာအား ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်း စစ်ဒေသခွဲက ယနေ့(ဧပြီ ၁၆) ထုတ် ပြန်သည်။

ယမန်နေ့(ဧပြီ ၁၅)နေ့လယ် ၂ နာရီ ၅၀ ခန့်က ပေါင်းတည်မြို့နယ် လဲပင်ရွာဘုန်းကြီးကျောင်းအနီး အင်အား ၁၆ ဦးခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်ကိုဝင်ရောကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု မိနစ်၂၀ ခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကာ ဒဏ်ရာရရှိသူအချို့ရှိခဲ့သည်ဟုထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၄ ဦး စစ်ကူရောက်ရှိလာပြီး ယမန်နေ့ည ၉ နာရီခွဲတွင် လဲပင်ကျေးရွာအား မီးရှို့ဖျက်ဆီးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ လဲပင်ကျေးရွာသည် ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့ကလည်း မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး ယခုအကြိမ်သည် အကြမ်းဖက်စစ်ကောင်စီ၏ ဒုတိယအကြိမ်မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

Facebook