Connect with us

Hi, what are you looking for?

News

တမူးမြို့ရှိ​ကျောင်းတွင်တပ်စွဲထား​သောစစ်​ကောင်စီတပ်ကို တမူး PDF ကွန်မန်ဒိုပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်၊ လေးဦးသေ

ကားများအားလုံး မှန်ချမောင်းနှင်ရန်၊ကုန်တင်ကားများ မိုးကာမအုပ်ကြရန်၊ ည ၇နာရီမှ နံနက် ၆နာရီအတွင်းဖြတ်သန်းခြင်းမပြုရန်၊ စစ်ကောင်စီထုတ်ကုန်များ မတင်ဆောင်ရန်၊ ကျွန်းသစ်အပါအဝင်သစ်တောထွက်သစ်မျိုးစုံနှင့် ကျွဲ၊နွား၊မူးယစ်ဆေးများမသယ်ရန် သတိပေး ထားသည်။

●တမူး -အောင်ဇေယျကားလမ်းပိုင်းဖြတ်သန်းခွင့်ကန့်သတ်ထားဆဲဖြစ်​ကြောင်းအသိပေး

တမူးမြို့ပေါ် ရှိ​ကျောင်းတစ်​ကျောင်းတွင် တပ်စွဲထားသည့်အကြမ်းဖက် စစ်ကောင်စီတပ်ကိုတမူးPDF၏ အထူးကွန်မန်ဒိုပူးပေါင်းတပ်ဖွဲ့ဝင်များက အလစ်အငိုက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး​သေဆုံးခဲ့သည်။

တမူးမြို့၊ မြို့မ (၁၂/က)ရပ်ကွက်၊ နန်းဖာလုံ(ထခွဲ)ကျောင်း၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား တမူးPDF- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူးမြို့) တပ်ရင်း (၁) နှင့် တပ်ရင်း ( ၂) ၏ အထူးကွန်မန်ဒိုပူးပေါင်း တပ်ဖွဲ့ဝင်များက ဧပြီ ၁၇ရက် ည ၇နာရီတွင် အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အကြမ်းဖက်စစ်ကောင်စီဖက်မှ တပ်ကြပ်အဆင့်ရှိ စစ်ခွေးတစ်ကောင် အပါအဝင် စုစုပေါင်း စစ်ခွေး (၄)ကောင်မှာ ကျောင်းရှေ့ လမ်းမှပေါ်တွင် အတုံးအရုံးဖြင့် မြေဩဇာဖြစ်သွားကြပါသည်။ မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်” ဟု တမူးPDF တပ်ရင်း(၁)က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်တပ်နှင့် မအပ်စပ်သည့် ကျောင်းဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီကို မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် ပညာပေးခဲ့ခြင်းဖြစ်သည်ဟု တမူးPDFတပ်ဖွဲ့ဝင်တစ်ဦးကလည်း​ပြောသည်။

Public Service Announcement

ထိုအပြင် တမူးမြို့ တွင်စစ်ကောင်စီဗိုလ်ကြီးတစ်ဦးပိုင်ဆိုင်သော ဆိုင်ကယ်ကိုလည်းယမန်​နေ့ကပင် တမူး CDM ရဲတပ်ဖွဲ့ကသိမ်းဆည်းခဲ့သည်။တမူးမြို့ ခမရ(၂၆၆) မှ ဗိုလ်ကြီးဝဏ္ဏဖြိုး၏ Apache အမျိုးအစား ဆိုင်ကယ်ကိုအရပ်သားနှစ်ဦးစီးလာသည့်အချိန်တွင် FIGHTER POLICE CDM(TAMU)က စစ်ဆေးမေးမြန်းပြီး သိမ်းဆည်းခဲ့သည်။

ဧပြီ ၁၃ရက်(သကြ်န်အကြိုနေ့)ကလည်း တမူးမြို့ မြေနီကုန်းကျောင်းဝင်းအတွင်း တပ်စွဲထားသည့်စစ်ကောင်စီနှင့်ပျုစောထီးများကို တမူးPDFအပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်ABSDF ပူးပေါင်းပြီးတိုက်ခိုက်ခဲ့​သေးသည်။

လတ်တလော ဒေသတွင်းစစ်​ရေးအခြေအနေအရ တမူး – အောင်ဇေယျကားလမ်းပိုင်းကို ဖြတ်သန်းခွင့် ကန့်သတ်ထားဆဲဖြစ်​ကြောင်း တမူးPDFကထပ်မံ သတိပေး ထားသည်။

ကားများအားလုံး မှန်ချမောင်းနှင်ရန်၊ကုန်တင်ကားများ မိုးကာမအုပ်ကြရန်၊ ည ၇နာရီမှ နံနက် ၆နာရီအတွင်းဖြတ်သန်းခြင်းမပြုရန်၊ စစ်ကောင်စီထုတ်ကုန်များ မတင်ဆောင်ရန်၊ ကျွန်းသစ်အပါအဝင်သစ်တောထွက်သစ်မျိုးစုံနှင့် ကျွဲ၊နွား၊မူးယစ်ဆေးများမသယ်ရန် သတိပေး ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook