■ရွှေဘို-မြစ်ကြီးနားလမ်းတွင်ကျပ်သိန်း ၉၀၀ ကျော်ဖိုးတန်ဖိုးရှိမူးယစ်ဆေးဝါးများဖမ်းမိ
ဧပြီလ ၁၂ ရက်နေ့ မွန်းလွဲ ၁၂နာရီ ခွဲခန့်က ကောလင်းမြို့၊ ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ကုက္ကိုကုန်းရွာအနီးတွင်ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး (ပကဖ)အဖွဲ့ ကောလင်းမြို့နယ်ပြည်သူ့လုံခြုံရေး (ပလဖ)တို့ပူးပေါင်း၍ ရှောင်တစ်ခင်စစ်ဆေးနေစဉ်ရွှေဘိုမှမြစ်ကြီးနားသို့မောင်းနှင်လာသော
ယာဉ်မောင်း ဦးဇော်မြင့်ဦး၊ယဥ်နောက်လိုက် ဦးဝင်းလွင်ဦး၊ ယာဉ်အမျိုးအစား AD-Van နံပတ် FF- 8876 အားစစ်ဆေးရာ ယာဉ်ပေါ်တွင် ဘိန်းဖြူဟုယူဆရသောမူးယစ်ဆေးဝါး အထုပ် (၃၅) ထုပ် (တစ်ထုပ် လျှင် မူးယစ်ဆေးခွက်၁၁ ခွက်ပါရှိပြီး စုစုပေါင်း ၃၈၆ ခွက် )ကာလတန်ဖိုးသိန်း ကိုးရာကျော် ကိုဖမ်းဆီးရမိသည်။ထို့အပြင်ဖုန်းနှစ်လုံး၊ငွေကျပ် ၁၉၄၀၀၀ကျပ်တို့အား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး(ပကဖ)က သတင်းထုတ်ပြန်သည်။
ဖမ်းဆီးရခဲ့သော မူးယစ်ဆေးဝါး ဆပ်ပြာခွက်၃၈၆ ခွက် အား မီးရှို့ဖျက်ဆီးခဲ့ပြီး နောက်နောင်တွင်လည်း တရားမဝင်လုပ်ငန်းများအား အချိန်မရွေးဖမ်းဆီးထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး(ပကဖ)က အသိပေးသည်။


■ရေစကြိုမြို့နယ်မှစိတ်ကြွရူးသွပ်ဆေးပြားတစ်ရာကျော်ဖမ်းမိ

Public Service Announcement
အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင်လည်း ဒေသခံပြည်သူများ၏ သတင်းပေးချက်ဖြင့် ဧပြီလ ၁၅ ရက်နေ့ ည(၇)နာရီဝန်းကျင်က ရေစကြို မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် MG6 ပြောက်ကျားတပ်ဖွဲ့(မြင်းခြံခရိုင်း တပ်ရင်းအမှတ်-၅)တို့ ပူးပေါင်း၍ ရေစကြိုမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ နေအိမ်တစ်အိမ်ကို ဝင်ရောက်စစ်ဆေးခဲ့ရာ WY/R စာတန်းပါ လိမ္မော်ရောင်ဆေးပြား (၁၃၈)ပြားကို သိမ်းဆည်းရမိခဲ့သည်။
ထိုအပြင်ဧပြီလ၁၆ရက်နေ့ နေ့လယ်ပိုင်းတွင်လည်း အခြားကျေးရွာ တစ်ရွာတွင် လောင်းကစားပြုလုပ်နေကြသူများကို သက်သေများနှင့်တကွ ဖမ်းဆီးရမိခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူများအား တော်လှန်ရေးကာလနှင့်လိုက်လျောညီထွေမှုရှိသော/ပြစ်မှုနှင့်ထိုက်သင့်သော ပြစ်ဒဏ်များပေး၍
အပြစ်ပေးအရေးယူဆောင်ရွက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်က သတင်ထုတ်ပြန်သည်။
ရေစကြိုမြို့နယ်အတွင်းရှိ မည်သည့်နေရာတွင်မဆို မူးယစ်ဆေးဝါး ဝယ်ယူရောင်းချခြင်း/အသုံးပြုခြင်းများလောင်းကစား(ဖဲဝိုင်း/ကြက်ဝိုင်း)များ လုံးဝမပြုလုပ်ကြရန်နှင့် အကယ်၍ စုံစမ်းတွေ့ရှိပါက ပြင်းထန်စွာ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်က အသိပေးသည်။


■မြောင်မြို့နယ်တွင်လည်းစိတ်ကြွရူးသွပ်ဆေးပြားရာချီဖမ်းမိ
အလားတူ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင်လည်း ဧပြီလ (၁၄) ရက်နေ့က ပြည်သူများ၏ သတင်းပေးတိုင်တန်းချက်များအရ ( WY )စိတ်ကြွဆေးပြားများ ရောင်းခြင်း၊ ဝယ်ခြင်း၊ သုံးစွဲခြင်းလုပ်ဆောင်နေကြသူများအား လိုက်လံဖမ်းဆီးရာ ပန်းရောင် ဆေးပြား (၁၈၀)ပြား၊ အစိမ်းရောင်(၃)ပြား ၊သုံးစွဲလက်စ ပိုက်၊ဆေးပြား(၁)ပြားနှင့်ငွေသားကျပ်လေးသိန်းကျော် (၄၀၇,၀၀၀)တို့အား သိမ်းဆည်းရမိခဲ့သည်။ ကွင်းဆက်များအား ဆက်လက်စုံစမ်းရာ ဧပြီလ ၁၅ ရက်နေ့တွင် သုံးစွဲသူတစ်ဦးအား ထပ်မံဖမ်းဆီးရမိကြောင်း၊ စုံစမ်းစစ်ဆေးမှုများအရ မြောင်နယ်သို့ သွင်းယူလာသောဆေးပြား(၅၀၀)ဟု ဝန်ခံထားပြီး ရောင်းသူကိုယ်တိုင် သုံးစွဲပြီးဆေးပြား (၆၀) ပြား၊ အခြားသုံးစွဲသူတစ်ဦးမှ(၆)ပြား၊ နောက်တစ်ဦးထံမှ (၄) ပြားနှင့် ဖမ်းမိ (၁၈၀) ပြား ရှိကြောင်း စစ်ဆေးမှုများအရ သိရကြောင်း၊ ထို့အတွက် မြောင်နယ်တွင် စိတ်ကြွဆေးပြားများ၊တရားမဝင် မူးယစ်ဆေးများနှင့် စီးပွားပျက်လောက်စေသော လောင်းကစားမှုများ ပြုလုပ်ခြင်း၊ ရောင်းဝယ် သုံးစွဲခြင်းများအား NUG-MOD ဌာန၏ လမ်းညွှန်မှုအတိုင်း ဖမ်းဆီးအရေးယူမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Myaung Union Army-MUAက သတင်းထုတ်ပြန်သည်။
သို့ပါသောကြောင့် မူးယစ်ဆေးဝါးများ ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်း၊ ဖြန့်ဝေခြင်း မပြုလုပ်ကြပါရန် ထပ်မံအသိပေးကြောင်း၊ ယခုမူးယစ်ဆေးဝါးကိစ္စဖမ်းဆီးနိုင်ခြင်းများအတွက် ပြည်သူ့တပ်မတော်(မြောင်)-MUA ၊စစ်ကိုင်းခရိုင် တပ်ရင်း (၁)၊(၂) တပ်ခွဲ(၃)၊မြောင်မြို့နယ် ပကဖအဖွဲ့ဝင် (အင်အားစုဖွဲ့ရေးနှင့်လေ့ကျင့်ရေးတာဝန်ခံ) ကိုနွေဦး-မြောင် ဦးဆောင်သည့် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ-CDSOM ၊ နှင့် PDF-TALOKE (မြင်းခြံခရိုင်တပ်ရင်း – ၂) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း Myaung Union Army-MUAက အသိပေးသည်။


















































