Connect with us

Hi, what are you looking for?

News

စစ်ကောင်စီအား တိုက်ခိုက်စဥ် အရပ်သားသေဆုံးမှုအ​ပေါ် အနူးအညွတ်တောင်းပန်ကြောင်းနှင့် အလုံးစုံတာဝန်ယူဖြေရှင်းပေးသွားမည်ဟု YDF (ထီးလင်း)ထုတ်ပြန်

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃)၊ YDF HtilinB-3( Shwe Son Nyo)နှင့် အကြမ်းဖက်စစ်ကောင်စီတပ်သည် ထီးလင်းမြို့နယ် ရေမျက်နီရွာတွင် ယနေ့(ဧပြီ၁၈ရက်) နံနက်ပိုင်း၌ တိုက်ပွဲဖြစ်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်အား တိုက်ခိုက်စဥ် အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့သည့်ဖြစ်စဥ်အတွက် အနူးအညွတ်တောင်းပန်ကြောင်းနှင့် အလုံးစုံတာဝန်ယူဖြေရှင်းပေးသွားမည်ဟု YDF(Htilin) B-3( Shwe Son Nyo)က သတင်းထုတ်ပြန်သည်။

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃)၊ YDF HtilinB-3( Shwe Son Nyo)နှင့် အကြမ်းဖက်စစ်ကောင်စီတပ်သည် ထီးလင်းမြို့နယ် ရေမျက်နီရွာတွင် ယနေ့(ဧပြီ၁၈ရက်) နံနက်ပိုင်း၌ တိုက်ပွဲဖြစ်ခဲ့သည်။

YDF Htilin B-3( Shwe Son Nyo) ၏ အထူးကွန်မန်ဒိုအဖွဲ့မှ တပ်ဖွဲ့ဝင်ငါးဦးက စစ်ကောင်စီတပ်ကို တိုက်ခိုက်စဥ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး အရပ်သားနှစ်ဦး ထိခိုက်ခဲ့ကာ တစ်ဦးသေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

” အကြောင်းအမျိုးမျိုးကြောင့် ‌ကျွန်တော်တို့ဖက်က သတ်မှတ်ထားခဲ့သောနေရာတွင် ထိတွေ့မှုမဖြစ်ပွားခဲ့ပဲ မထင်မှတ်သောနေရာတွင် ‌ထိတွေ့မှုဖြစ်ပွားခဲ့ပြီးပြည်သူ လူထုကိုပါ အထိခိုက်ဒဏ်ရာရစေခဲ့မိပါသည်။အဆိုပါထိခိုက်မှုအတွက် ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့ရော တပ်ဖွဲ့၀င် တစ်ဦးတစ်ယောက်ချင်းစီမှပါ အလွန်စိတ်မကောင်းဖြစ်ရပါသည်။ပြည်သူလူထု၏ ထိခိုက်မှုအားလုံးအတွက် ကျွန်တော်တို့ဖက်က အတတ်နိုင်ဆုံး အလုံးစုံ တာ၀န်ယူသွားပါမည်။ နောက်နောင် ထိုဖြစ်စဉ်မျိုး မဖြစ်ရအောင်လည်း အထူးဂရုစိုက်ပါမည်ဟု ကတိပြုလိုပါသည်”ဟု YDF Htilin B-3( Shwe Son Nyo)က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

သေဆုံးသူအမျိုးသမီး၏ ဆွေမျိုတစ်ဦးက ယောဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး အဖွဲ့များအနေဖြင့် ယနေ့ဖြစ်စဥ်အပေါ် သင်ခန်းစာယူစေလိုကြောင်းနှင့်နောက်နောင် ယခုကဲ့သို့ မဖြစ်စေလိုကြောင်းပြောသည်ဟု ယောဒေသတော်လှန်ရေးစာမျက်နှာက ရေးသားဖော်ပြထားသည်။

” ပြည်သူလူထုအတွက် ရပ်တည်သောအဖွဲ့အစည်းဟု မိမိကိုယ်ကိုခံယူထားပြီး ပြည်သူလူထုကို ထိခိုက်စေမှုအတွက် ကျွန်တော်တို့ စိတ်မကောင်းခြင်းများစွာဖြင့် အနူးအညွှတ်တောင်းပန်အပ်ပါသည်”ဟု YDF(ထီးလင်း)၏ တပ်ရင်းမှူးက တောင်းပန်ထားသည်။

အဆိုပါ တိုက်ခိုက်ခဲ့သည့်တိုက်ပွဲတွင် စစ်ကောင်စီရဲတစ်ဦးသေပြီး တစ်ဦးဒဏ်ရာ အပြင်းအထန်ရသွားခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းသည် ယနေ့ညဘက်ပိုင်းတွင် ထီးလင်းမြို့နယ် ကျင်းရွာသို့ရောက်ရှိနေပြီး ည ၈နာရီခန့်မှစကာ ​ကျေးရွာကို မီးရှို့နေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ဒေသခံပြည်သူများ လုံခြုံရေးအထူးဂရုစိုက်နေထိုင်ကြရန် YDF (ထီးလင်း)ရဲဘော်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook