Connect with us

Hi, what are you looking for?

News

မင်းတပ်မြို့နယ်တွင် စိုက်ပျိုးစရိတ်​ချေး​ငွေအပါအဝင် ​ချေး​ငွေအားလုံး ပြန်ဆပ်ရန် စစ်​ကောင်စီ ခြိမ်း​ခြောက်​တောင်းခံ

မင်းတပ်အပါအဝင် ချင်းပြည်နယ်မြို့နယ်တိုင်းတွင် စစ်ကောင်စီက စစ်ကြောင်းထိုးရင်း ဒေသခံများ၏ အိုးအိမ်၊ စိုက်ပျိုးရေးလုပ်ငန်းများကို ဖျက်ဆီးသွားခဲ့ပြီး ယခုအခါ ချေးငွေပြန်ဆပ်ခိုင်းခြင်းသည် လက်ခံနိုင်စရာမရှိဟု ဒေသခံတစ်ဦးက ပြောသည်။

▪️ပြည်သူ့အစိုးရ​ပေါ်​ပေါက်လာမှသာ ပြန်ဆပ်ကြရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်

စိုက်ပျိုးစရိတ်ချေးငွေအပါအဝင် ယခင်အစိုးရလက်ထက် ချေးငွေများကို ပြန်ဆပ်ရန် မင်းတပ်ဒေသခံများကို အကြမ်းဖက်စစ်ကောင်စီက ခြိမ်းခြောက်​တောင်း ခံနေပြီး အဆိုပါချေးငွေများပေးဆပ်စရာ မလိုအပ်ကြောင်းနှင့် နွေဦးတော်လှန်ရေးပြီးဆုံး၍ ပြည်သူ့အစိုးရတစ်ရပ် ပေါ်ပေါက်လာသည့်အခါမှသာပြန်ဆပ်ရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန် သည်။

မင်းတပ်ခရိုင်၊ မင်းတပ်မြို့နယ်အတွင်း ယခင်အစိုးရမှ ထုတ်ချေးထားသည့် မြစိမ်းရောင် ချေးငွေ၊မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ၊ သမဝါယမချေးငွေ၊ ဘဏ်ချေး ငွေအစရှိသည့် အစိုးရချေးငွေအမျိုးအစားအားလုံးကို ပြန်လည်ပေးဆပ်ရန် တရားမဝင်စစ်ကောင်စီမှ ဖိအားပေးခြင်း၊ ခြိမ်းခြောက်မှုများရှိနေသည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ ဒေသခံများအား အသိပေးချက်ကို မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(ဧပြီ ၂၀ရက်)တွင် ထုတ်ပြန်ထား သည်။

Public Service Announcement

Public Service Announcement

ယခုအချိန်သည် အကြမ်းဖက်စစ်အုပ်စုမှ မတရားအာဏာသိမ်းသည်ကို နိုင်ငံတဝှမ်းရှိ ပြည်သူတစ်ရပ်လုံးက တခဲနက်တော်လှန်နေချိန်ဖြစ်ကြောင်း၊ချေးငွေယူထားသော မင်းတပ်မြို့နယ်ရှိ ပြည်သူများအနေဖြင့် တရားမဝင်စစ်ကောင်စီထံ ချေးငွေများပေးဆပ်စရာ မလိုအပ်ဘဲ နွေဦးတော်လှန်ရေးပြီးဆုံး၍ ပြည်သူ့အစိုးရ တစ်ရပ် ပေါ်ပေါက်လာသောအခါမှသာလျှင် ချေးငွေများပြန်လည်ပေးဆပ်ရန် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအနေဖြင့် တရားဝင်အသိပေး ကြေညာလိုက်သည်ဟု ရှင်းရှင်းလင်းလင်းထုတ်ပြန်ထားသည်။

မင်းတပ်အပါအဝင် ချင်းပြည်နယ်မြို့နယ်တိုင်းတွင် စစ်ကောင်စီက စစ်ကြောင်းထိုးရင်း ဒေသခံများ၏ အိုးအိမ်၊ စိုက်ပျိုးရေးလုပ်ငန်းများကို ဖျက်ဆီးသွားခဲ့ပြီး ယခုအခါ ချေးငွေပြန်ဆပ်ခိုင်းခြင်းသည် လက်ခံနိုင်စရာမရှိဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီထံ ချေးငွေဆပ်သွားမည်မဟုတ်ဘဲ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ချိတ် ဆက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။