Connect with us

Hi, what are you looking for?

News

မင်းတပ်မြို့နယ်တွင် စိုက်ပျိုးစရိတ်​ချေး​ငွေအပါအဝင် ​ချေး​ငွေအားလုံး ပြန်ဆပ်ရန် စစ်​ကောင်စီ ခြိမ်း​ခြောက်​တောင်းခံ

မင်းတပ်အပါအဝင် ချင်းပြည်နယ်မြို့နယ်တိုင်းတွင် စစ်ကောင်စီက စစ်ကြောင်းထိုးရင်း ဒေသခံများ၏ အိုးအိမ်၊ စိုက်ပျိုးရေးလုပ်ငန်းများကို ဖျက်ဆီးသွားခဲ့ပြီး ယခုအခါ ချေးငွေပြန်ဆပ်ခိုင်းခြင်းသည် လက်ခံနိုင်စရာမရှိဟု ဒေသခံတစ်ဦးက ပြောသည်။

▪️ပြည်သူ့အစိုးရ​ပေါ်​ပေါက်လာမှသာ ပြန်ဆပ်ကြရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်

စိုက်ပျိုးစရိတ်ချေးငွေအပါအဝင် ယခင်အစိုးရလက်ထက် ချေးငွေများကို ပြန်ဆပ်ရန် မင်းတပ်ဒေသခံများကို အကြမ်းဖက်စစ်ကောင်စီက ခြိမ်းခြောက်​တောင်း ခံနေပြီး အဆိုပါချေးငွေများပေးဆပ်စရာ မလိုအပ်ကြောင်းနှင့် နွေဦးတော်လှန်ရေးပြီးဆုံး၍ ပြည်သူ့အစိုးရတစ်ရပ် ပေါ်ပေါက်လာသည့်အခါမှသာပြန်ဆပ်ရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန် သည်။

မင်းတပ်ခရိုင်၊ မင်းတပ်မြို့နယ်အတွင်း ယခင်အစိုးရမှ ထုတ်ချေးထားသည့် မြစိမ်းရောင် ချေးငွေ၊မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ၊ သမဝါယမချေးငွေ၊ ဘဏ်ချေး ငွေအစရှိသည့် အစိုးရချေးငွေအမျိုးအစားအားလုံးကို ပြန်လည်ပေးဆပ်ရန် တရားမဝင်စစ်ကောင်စီမှ ဖိအားပေးခြင်း၊ ခြိမ်းခြောက်မှုများရှိနေသည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ ဒေသခံများအား အသိပေးချက်ကို မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(ဧပြီ ၂၀ရက်)တွင် ထုတ်ပြန်ထား သည်။

Public Service Announcement

Public Service Announcement

ယခုအချိန်သည် အကြမ်းဖက်စစ်အုပ်စုမှ မတရားအာဏာသိမ်းသည်ကို နိုင်ငံတဝှမ်းရှိ ပြည်သူတစ်ရပ်လုံးက တခဲနက်တော်လှန်နေချိန်ဖြစ်ကြောင်း၊ချေးငွေယူထားသော မင်းတပ်မြို့နယ်ရှိ ပြည်သူများအနေဖြင့် တရားမဝင်စစ်ကောင်စီထံ ချေးငွေများပေးဆပ်စရာ မလိုအပ်ဘဲ နွေဦးတော်လှန်ရေးပြီးဆုံး၍ ပြည်သူ့အစိုးရ တစ်ရပ် ပေါ်ပေါက်လာသောအခါမှသာလျှင် ချေးငွေများပြန်လည်ပေးဆပ်ရန် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအနေဖြင့် တရားဝင်အသိပေး ကြေညာလိုက်သည်ဟု ရှင်းရှင်းလင်းလင်းထုတ်ပြန်ထားသည်။

မင်းတပ်အပါအဝင် ချင်းပြည်နယ်မြို့နယ်တိုင်းတွင် စစ်ကောင်စီက စစ်ကြောင်းထိုးရင်း ဒေသခံများ၏ အိုးအိမ်၊ စိုက်ပျိုးရေးလုပ်ငန်းများကို ဖျက်ဆီးသွားခဲ့ပြီး ယခုအခါ ချေးငွေပြန်ဆပ်ခိုင်းခြင်းသည် လက်ခံနိုင်စရာမရှိဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီထံ ချေးငွေဆပ်သွားမည်မဟုတ်ဘဲ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ချိတ် ဆက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်တွင်အဓိကကုန်သွယ်ရေးဂိတ်ဖြစ်လာသည့် ကျင်စန်းကျော့ဂိတ်မှတဆင့် တရားဝင်အခွန်ကောက်မည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကကြေညာပြီးနောက် မူဆယ်သို့သွားမည့် ကုန်ကားများကို လားရှိူးမှ စောင့်၍ ဖမ်း‌ဆီး​နေသည်။

သတင်း

ရန်ကုန်တိုင်း၊တောင်ဒဂုံမြို့နယ်တွင်အခြေခံလုပ်အားခတိုးမြှင့်ရေးဦးဆောင်တောင်းဆိုသည့် စက်ရုံလုပ်သားတစ်ဦးကို စစ်ကောင်စီဖမ်းဆီးသွားသည်မှာ ငါးရက်ရှိပြီ ဖြစ်ပြီးပြန်လွတ်မလာ​သေး​ကြောင်း ဖြစ်စဥ်ကိုသိ​သူများက​ပြောသည်။