Connect with us

Hi, what are you looking for?

News

မုံရွာ-​ချောင်းဦး-မန္တ​လေးလမ်းတွင်မိုင်းရှာထွက်လာ​သောစစ်​ကောင်စီတပ်မိုင်းဆွဲခံရ

တိုက်ခိုက်ပြီးနောက် PDFရဲဘော်များ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်းသိရသည်။အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်၍ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထား​သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

(မုံရွာ-မန္တလေးလမ်းပေါ်တွင် မြင်းမူ PDF အဖွဲ့၏ မိုင်းဆွဲတိုက်ခိုက်မှု​ကြောင့်မိုင်းကွဲ​နေစဥ်)

မုံရွာ-မန္တလေးလမ်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ခြေလျင်မိုင်းရှာထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးနိုင်ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီယာဥ်တန်း ဖြတ်သန်းရန်အတွက် မုံရွာ-ချောင်းဦးကားလမ်းအတိုင်း ခြေလျင်လျှောက်၍ မိုင်းရှာထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ချောင်းဦး PDF တပ်ခွဲ (၂ )မှ ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား ၄ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူအရေအတွက် မသိရှိရသေးကြောင်းချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

တိုက်ခိုက်ပြီးနောက် PDFရဲဘော်များ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်းသိရသည်။အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်၍ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထား​သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ထိုအပြင် ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့က မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် သံချပ်ကာကား၊ မိုင်းရှင်းကားများပါ လိုက်ပါလာသည့် အကြမ်းဖက်စစ်ကောင်စီ၏ ယာဥ်များအား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ၁၄ ဖွဲ့က သုံးနေရာခွဲကာ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ၃၀ ကျော်သေဆုံးနိုင်သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။