မုံရွာ-မန္တလေးလမ်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ခြေလျင်မိုင်းရှာထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးနိုင်ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီယာဥ်တန်း ဖြတ်သန်းရန်အတွက် မုံရွာ-ချောင်းဦးကားလမ်းအတိုင်း ခြေလျင်လျှောက်၍ မိုင်းရှာထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ချောင်းဦး PDF တပ်ခွဲ (၂ )မှ ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား ၄ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူအရေအတွက် မသိရှိရသေးကြောင်းချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
တိုက်ခိုက်ပြီးနောက် PDFရဲဘော်များ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်းသိရသည်။အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်၍ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။
ထိုအပြင် ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့က မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် သံချပ်ကာကား၊ မိုင်းရှင်းကားများပါ လိုက်ပါလာသည့် အကြမ်းဖက်စစ်ကောင်စီ၏ ယာဥ်များအား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ၁၄ ဖွဲ့က သုံးနေရာခွဲကာ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ၃၀ ကျော်သေဆုံးနိုင်သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

Public Service Announcement


















































