Connect with us

Hi, what are you looking for?

News

ကျင်းနယ်မြေရဲစခန်းမှ ဖမ်းမိသည့် ရဲတပ်သား ၁၀ဦး CDM မဟုတ်သလို အသာတကြည်အညံ့ခံပူးပေါင်းခြင်းလည်းမဟုတ်ဟု ထီးလင်း PDF ရှင်းလင်း

ဖမ်းဆီးရမိသော ရဲတပ်သားများသည် CDMပြုလုပ်ခြင်းမဟုတ်၊ တိုက်ပွဲအတွင်းဖမ်းဆီးရမိသော စစ်သုံ့ပန်းများသာဖြစ်ကြောင်း၊ တိုက်ပွဲအတွင်းဖမ်းဆီးရမိသော သုံ့ပန်းများကို ပြည်သူနှင့်အတူ ရပ်တည်နေကြသော CDM၀န်ထမ်းများနှင့်တန်းတူမသတ်မှတ်နိုင်ကြောင်း ထီးလင်း PDFက ထုတ်ပြန်သည်။

(ကျင်းရွာနယ်​မြေရဲစခန်းမှ သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်းများကို ​တွေ့ရစဥ်)

▪️စစ်သုံ့ပန်းများကို ပြည်သူနှင့်အတူရပ်တည်သည့် CDMဝန်ထမ်းများနှင့်တန်းတူ မသတ်မှတ်နိုင်ဟု ထုတ်ပြန်

မကွေးတိုင်း ထီးလင်းမြို့နယ် ကျင်းရွာနယ်မြေရဲစခန်း တိုက်ခိုက်သိမ်းပိုက်မှုတွင် ဖမ်းမိခဲသည့် ရဲတပ်သား ၁၀ဦးသည် CDM ပြုလုပ်သူများ မဟုတ်သကဲ့သို့ အသာတကြည် အညံ့ခံဖူးပေါင်းသူများလည်း မဟုတ်ကြောင်း ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

ဧပြီ ၁၇ရက်က ကျင်းရွာ ရဲစခန်းကို ထီးလင်း PDFက တိုက်ခိုက်ခဲ့ရာ စခန်မှူးနှင့် ရဲတပ်သားနှစ်ဦး သေဆုံးပြီး ရဲတပ်သား ၁၀ဦးအရှင်ဖမ်းမိသည်ဟု ယမန်နေ့က ထုတ်ပြန်ထားသည်။ ကျင်းရွာရဲစခန်း သိမ်းပိုက်ခြင်းနှင့်ပတ်သက်၍ သတင်းမီဒီယာများတွင် ဖော်ပြချက်များည် မြေပြင် အခြေအနေနှင့် အနည်းငယ်ကွဲလွဲနေ၍ ပြန်လည်ရှင်းပြခြင်းဖြစ်သည်ဟု ဆိုသည်။

“မိမိတို့ PDF-HTILINသည် ကျင်းနယ်မြေခံရဲစခန်းအားတိုက်ခိုက်သိမ်းပိုက်ရာတွင် နယ်မြေခံရဲစခန်းမှ ရဲများသည်း အသာတကြည်အညံ့ခံပူးပေါင်းခြင်းမဟုတ်၊အပြန်အလှန်ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားပီး PDF- HTILINမှ အပိုင်စီးနင်းတိုက်ခိုက်ခဲ့ခြင်းသာဖြစ်ပါသည်” ဟု ရှင်းလင်းထားသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးရမိသော ရဲတပ်သားများသည် CDMပြုလုပ်ခြင်းမဟုတ်၊ တိုက်ပွဲအတွင်းဖမ်းဆီးရမိသော စစ်သုံ့ပန်းများသာဖြစ်ကြောင်း၊ တိုက်ပွဲအတွင်းဖမ်းဆီးရမိသော သုံ့ပန်းများကို ပြည်သူနှင့်အတူ ရပ်တည်နေကြသော CDM၀န်ထမ်းများနှင့်တန်းတူမသတ်မှတ်နိုင်ကြောင်း ထီးလင်း PDFက ထုတ်ပြန်သည်။

ဖမ်းဆီးရမိသော ရဲသုံ့ပန်းများနှင့်မိသားစု၀င်များကို လက်ရှိအချိန်တွင် ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း၊ ထီးလင်း PDF အနေဖြင့် သုံ့ပန်းများနှင့်ပက်သက်၍တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသော်လည်း သတင်းမီဒီယာအချို့တွင် CDMပြုလုပ် သည်ဟူ၍ဖော်ပြထားသောကြောင့်CDMပြုလုပ်ခြင်းမဟုတ် သုံ့ပန်းများသာဖြစ်ကြောင်းပြန်လည်ရှင်းပြလိုခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ ကျင်းရွာနယ်မြေရဲစခန်း တိုက်ခိုက်မှုဖြစ်စဉ်အပြီးတွင် စစ်ကောင်စီတပ်က အဆိုပါ တပ်စခန်းနေရာသို့ ရဟတ်ယာဉ်ဖြင့် လာရောက်တိုက်ခိုက်သကဲ့သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက် လာ၍ ထီးလင်း PDFနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟုဆိုသည်။ ထီးလင်း PDF၏ ခြုံခိုတိုက်ခိုက်မှု၊ ပဒေသာမိုင်းဖြင့် တိုက်ခိုက်မှုတို့ကြောင့် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ