Connect with us

Hi, what are you looking for?

News

တမူး-​အောင်​ဇေယျလမ်းတွင် စစ်​ကောင်စီတပ်ကို တမူး PDF ကနှစ်ကြိမ်တိုက်ခိုက်ရာ စစ်သား ၁၅ဦး​သေ

တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၁၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူအများရှိဖြင့် တမူးမြို့ထဲသို့ကား၊ဆိုင်ကယ်များဖြင့် ကစဉ့်ကလျားပြန်လည်ဆုတ်ခွာသွားသည် PDF(တမူး) တပ်ရင်း-၁ ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

(တမူး PDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-တမူးPDF)

တမူးမြို့ တမူး-အောင်ဇေယျလမ်းပိုင်းတွင်အကြမ်းဖက်စစ်​ကောင်စီတပ်ယာဉ်တန်းကို ယနေ့ နှစ်ကြိမ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း PDF(တမူး) တပ်ရင်း-၁ က ထုတ်ပြန်သည်။

တပ်တွင်း ဖရဲသီးများ၏ သတင်းပေးပို့ချက်အရတမူး-အောင်ဇေယျကားလမ်းပိုင်း၌ စစ်​ကောင်စီတပ်ချင်းတာဝန်အချိန်းအပြောင်းပြုလုပ်နေသည့် ယာဉ်တန်းကို ကြားဖြတ်ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု​ဖော်ပြထားသည်။

နေလယ် ၂ နာရီ ၁၉ မိနစ်မှ နေလယ် ၂နာရီ မိနစ် ၄၀ အထိပထမအကြိမ်တိုက်ပွဲဖြစ်ပွားပြီး၊ ညနေ ၃နာရီ ၂၂ မိနစ်မှ ၃နာရီ ၅၄ မိနစ်အထိ့ ဒုတိယအကြိမ်တိုက်ပွဲဖြစ်ပွားခဲ့သည်
ဟု PDF(တမူး)ကထုတ်ပြန်သည်။

(တမူး PDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-တမူးPDF)

စစ်​ကောင်စီတပ်နယ်မြေခံတပ်ရင်း ၂၂၆ အစား ခလရ တပ်ရင်း ၈၉ကို အစားထိုးပြောင်းလဲစဉ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု PDF(တမူး)က တပ်ရင်း(၁)မှ တာဝန်ရှိသူကပြောသည်။

Public Service Announcement

Public Service Announcement

“ခလ၇ ၈၉ က မနေ့က တမူးကိုရောက်တာ နယ်မြေလည်းမကျွမ်းဘူး။ သာမန်အချိန်မှာမလာရဲတဲ့လမ်းပိုင်းကိုလမ်းလျှောက်ပြီး​တော့​ရော ၊ ကားနဲ့​ရော ချီတတ်လာတော့ ဒီလမ်းကြောင်းမှ စောင့်ပြီး တိုက်ခိုက်ခဲ့တာပါ”ဟု PDF(တမူး) တာဝန်ရှိသူကပြောသည်။

တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၁၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူအများရှိဖြင့် တမူးမြို့ထဲသို့ကား၊ဆိုင်ကယ်များဖြင့် ကစဉ့်ကလျားပြန်လည်ဆုတ်ခွာသွားသည် PDF(တမူး) တပ်ရင်း-၁ ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

စစ်​ကောင်စီတပ်ကို PDF(တမူး) တပ်ရင်း ၁ နှင့် တပ်ရင်း ၂ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ပွဲတွင် PDF(တမူး)က အထိအခိုက်မရှိဘဲ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်းသိ့ရသည်။

တမူး-အောင်ဇေယျလမ်းပိုင်းကို နယ်မြေရှင်းလင်းရေးဆက်လက်ဆောင်ရွက်မည်ဟုလည်း PDF(တမူး)ကအသိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။