Connect with us

Hi, what are you looking for?

သတင်း

PDFကိုစိန်ခေါ်တဲ့ ရဲတပ်ဖွဲ့ဝင်ရဲ့မိဘ​တွေထံ သားအားထိန်းကြောင်းပေးဖို့ PDF​တွေသွား​ပြောပြီး​​​နောက်ရဲတစ်​တော့အ​ကောင်ပိတ်သွား

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

ဇူလိုင်-၃၀၊၂၀၂၆။ကတ်သရင်း/ People’s Spring

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

အထူးရဲကွန်မန်ဒို (ခွဲ-၃)ကဆိုတဲ့အာကြီး​(ခေါ်​) ကောင်းထက်ဖြိုးရဲ့ မိဘ​တွေထံ PDF ​တွေက သွား​ပြောပြီး​​​နောက် အဆိုပါရဲဟာ ထပ်မံမစိန် ခေါ်ရဲတော့ဘဲ တစ်တော့(Tik Tok) အကောင့် ကိုပါပိတ်ထားလိုက်ပြီဖြစ်ပါတယ်။

ရဲကွန်မန်ဒိုတပ်ခွဲ(၃)လို့ ရေးထားပြီး ကောင်းထက်ဖြိုး(ခေါ်)အာကြီး ဆိုတဲ့ရဲက နွားထိုးကြီးမြို့ အဝင်ဆိုင်းဘုတ်နားမှာ ဘီယာဗူးကိုင်ရင်း PDFမြင်းခြံခရိုင်တပ်ရင်း(၄-၁၀)တပ်ရင်းမှူး ကိုစိုးအောင်ရဲ့နာမည်တပ်ပြီး​တော့

Public Service Announcement

Public Service Announcement

“ဟေ့ကောင် စိုးအောင်။မင်းခေါ်လို့ ငါလာပြီ လေ။မင်းလာခဲ့။မင်းမလာလည်း စိတ်မပူနဲ့ မင်းရှိတဲ့ နေရာအထိ ငါလိုက်လာမှာ”လို့ ပြောထားတဲ့ ဗီဒီယိုဖိုင်ကိုတစ်​တော့မှာတင်ခဲ့ပါတယ်။

ဒါ့အပြင် ချောက်မြို့အနီးမှာ PDFရဲ ဘော် ၂၀ ဦးကိုစစ်တပ်စစ်​ကြောင်း​တွေကဖမ်းဆီး သတ်ဖြတ်ခဲ့တာကိုလည်း အောင်ပွဲခံ ပြီးPDF ​တွေကိုလှောင်ပြောင်ခဲ့ပါတယ်။

အဲဒီနောက် PDFမြင်းခြံခရိုင်တပ်ရင်း(၄-၁၀)တပ်ကရဲ ဘော်တွေကအဆိုပါရဲရဲ့မိဘ​တွေအိမ်ကိုသွားပြီးသားဖြစ်သူကို ထိန်း ကြောင်းပေးဖို့၊ပြည်သူနေအိမ် တွေမီးရှိူ့ဖျက်ဆီးတာ တွေဆက်မလုပ်ဖို့ နဲ့ ပြည်သူ တွေကို အကြမ်းဖက်သတ်ဖြတ်တာမျိုးမလုပ်ဖို့ထိန်း ကြောင်းပေး ဖို့သွား ရောက် ပြော‌‌ဆိုခဲ့တယ်လို့သိရပါတယ်။

“ဒီနေရာမှာ PDFရဲ့မိဘသာစစ်ကောင်စီမှာ မိတယ်‌‌ဆိုလို့ရင်အရှင်ထားမှာလည်းမဟုတ်သလို ပြန်လွတ်မှာလည်းမဟုတ်ဘူး။ဒါသေချာတဲ့အလုပ်။PDFကစစ်သားမိဘကိုမိတယ်ဆိုရင် ဖမ်းဆီးခွင့်လည်းမရှိဘူး။သတ်ဖြတ်ခွင့်လည်းမရှိဘူး။ဒါကျွန်တော်တို့ရဲ့ ဥပဒေ။ကျွန်တော်တို့လက်ကိုင်ထားတဲ့ ကျွန်‌တော်တို့ရဲ့စည်းမျဉ်း၊စည်းကမ်းပါပဲ”လို့ PDFမြင်းခြံခရိုင်တပ်ရင်း(၄-၁၀)တပ်ရင်းမှူးကိုစိုးအောင်ကပြောပါတယ်။

တော်လှန်ရေး စိုးမိုးနယ်မြေမှာ စစ်တပ်ကဗိုလ်မှူးကြီးတွေရဲ့ မိဘတွေနေထိုင်တာမျိုးရှိ ​ပေမယ့်တော်လှန်ရေး တပ်ဖွဲ့ဝင် တွေကဖမ်းဆီးအရေး ယူတာ တွေမရှိခဲ့ဘူးလို့ဆိုပါတယ်။ရဲတပ်သား ကောင်းထက်ဖြိုးရဲ့ မိဘ တွေကိုဖမ်းဆီး တာမျိုးတပ်ရင်းအနေနဲ့လုပ်မှာမဟုတ်ဘဲ ပြည်သူတွေစိတ်ဓာတ်မကျ အောင်တော်လှန်ရေး ဘယ်​လောက်လက်တံရှည်တာကိုပြသဖို့အတွက်ပဲ သွား ရောက် တွေ့ဆုံခဲ့တာလို့ ကိုစိုး​အောင်က​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား

သတင်း

နေအိမ်၃၀ခန့် မီးလောင်ပျက်စီးပြီး စစ်​ကြောင်းထနောင်းပင်လဲရွာမှာတပ်စွဲ​နေ