Connect with us

Hi, what are you looking for?

News

NUG အုပ်ချုပ်မှုနယ်​မြေတွင် ဆက်​ကြေးလာမ​ကောက်ရန် ရှမ်းနီလက်နက်ကိုင်အဖွဲ့ကို ​ဖောင်းပြင် PDF သတိ​ပေး

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နယ်စပ်ဒေသများတွင် လှုပ်ရှားသည့် SNAသည် ပြည်သူ့တော်လှန်ရေးတွင် ပူးပေါင်းပါဝင်လာခြင်းမရှိ၍ ဒေသခံများက ပြစ်တင်ဝေဖန်ခံနေရသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ မကြာသေးမီကလည်း SNAနှင့် အကြမ်းဖက်စစ်ကောင်စီတပ်သည် ခန္တီးမြိုပေါ် လူထုထံမှ ဆက်ကြေးကောက်ရာမှ အဝေမတည့်ဖြစ်ကာ တိုက်ပွဲဖြစ်ခဲ့သည်။

People's Spring
People's Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အုပ်ချုပ်မှုနယ်မြေတွင် အခွန်ငွေအကြောင်းပြ၍ ဆက်ကြေးလာမကောက်ရန် ရှမ်းနီလက်နက်ကိုင်အဖွဲ့ (SNA)ကို ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးလိုက်သည်။

ဟုမ္မလင်းမြို့နယ်တွင်အခြေစိုက်သည့် ရှမ်းနီအမျိုးသားများတပ်မတော်(Shanni Nationalities Army-SNA) ဟု ဒေသခံများက သိရှိထားသည့် ရှမ်းနီလက်နက်ကိုင်အဖွဲ့သည် ဖောင်းပြင်မြို့နယ်အတွင်း ဆက်ကြေးလာကောက်နေ၍ ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အထက်ပါအတိုင်း သတိပေးလိုက်ခြင်းဖြစ် သည်။

“ဖောင်းပြင်မြို့နယ်သည်အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏အခွန်အကောက်နယ်​မြေဖြစ်ခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရကသာလျှင် ဥပဒေနှင့်အညီအခွန် ကောက်ခံပိုင်ခွင့်ရှိ​​ခြင်း၊ ပြည်သူအများစုကလည်းအခွန်အကောက် ဥပဒေနှင့်အညီကောက်ခံမည့်အစိုးရထံ၌သာ အခွန်ဆောင်လိုကြခြင်း၊အခွန်၏သဘောသဘာဝသည်အခွန်ကောက်ခံသူနှင့်အခွန်ပေးဆောင်သူတို့
နှစ်ဦးနှစ်ဖက်သဟဇာတဖြစ်ရန်လိုအပ်ခြင်းစသည်တို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖောင်းပြင်(PDF) အနေဖြင့် ပြည်သူတို့နှင့်သဟဇာတမဖြစ်သော မည်သည့်ကောက်ခံမှုမျိုးကိုမဆို ပြည်သူတို့၏အကျိုးစီးပွားအလို့ငှာကာကွယ်ပေးသွားမည်ဖြစ်ကြောင်းအသိပေး​ ကြေညာအပ်ပါသည်”ဟု ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဧပြီ ၂၆ရက်) ထုတ်ပြန် သည်။

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နယ်စပ်ဒေသများတွင် လှုပ်ရှားသည့် SNAသည် ပြည်သူ့တော်လှန်ရေးတွင် ပူးပေါင်းပါဝင်လာခြင်းမရှိ၍ ဒေသခံများက ပြစ်တင်ဝေဖန်ခံနေရသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ မကြာသေးမီကလည်း SNAနှင့် အကြမ်းဖက်စစ်ကောင်စီတပ်သည် ခန္တီးမြိုပေါ် လူထုထံမှ ဆက်ကြေးကောက်ရာမှ အဝေမတည့်ဖြစ်ကာ တိုက်ပွဲဖြစ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook