Connect with us

Hi, what are you looking for?

News

NUG အုပ်ချုပ်မှုနယ်​မြေတွင် ဆက်​ကြေးလာမ​ကောက်ရန် ရှမ်းနီလက်နက်ကိုင်အဖွဲ့ကို ​ဖောင်းပြင် PDF သတိ​ပေး

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နယ်စပ်ဒေသများတွင် လှုပ်ရှားသည့် SNAသည် ပြည်သူ့တော်လှန်ရေးတွင် ပူးပေါင်းပါဝင်လာခြင်းမရှိ၍ ဒေသခံများက ပြစ်တင်ဝေဖန်ခံနေရသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ မကြာသေးမီကလည်း SNAနှင့် အကြမ်းဖက်စစ်ကောင်စီတပ်သည် ခန္တီးမြိုပေါ် လူထုထံမှ ဆက်ကြေးကောက်ရာမှ အဝေမတည့်ဖြစ်ကာ တိုက်ပွဲဖြစ်ခဲ့သည်။

People's Spring
People's Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အုပ်ချုပ်မှုနယ်မြေတွင် အခွန်ငွေအကြောင်းပြ၍ ဆက်ကြေးလာမကောက်ရန် ရှမ်းနီလက်နက်ကိုင်အဖွဲ့ (SNA)ကို ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးလိုက်သည်။

ဟုမ္မလင်းမြို့နယ်တွင်အခြေစိုက်သည့် ရှမ်းနီအမျိုးသားများတပ်မတော်(Shanni Nationalities Army-SNA) ဟု ဒေသခံများက သိရှိထားသည့် ရှမ်းနီလက်နက်ကိုင်အဖွဲ့သည် ဖောင်းပြင်မြို့နယ်အတွင်း ဆက်ကြေးလာကောက်နေ၍ ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အထက်ပါအတိုင်း သတိပေးလိုက်ခြင်းဖြစ် သည်။

“ ဖောင်းပြင်မြို့နယ်သည်အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏အခွန်အကောက်နယ်​မြေဖြစ်ခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရကသာလျှင် ဥပဒေနှင့်အညီအခွန် ကောက်ခံပိုင်ခွင့်ရှိ​​ခြင်း၊ ပြည်သူအများစုကလည်းအခွန်အကောက် ဥပဒေနှင့်အညီကောက်ခံမည့်အစိုးရထံ၌သာ အခွန်ဆောင်လိုကြခြင်း၊အခွန်၏သဘောသဘာဝသည်အခွန်ကောက်ခံသူနှင့်အခွန်ပေးဆောင်သူတို့
နှစ်ဦးနှစ်ဖက်သဟဇာတဖြစ်ရန်လိုအပ်ခြင်းစသည်တို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖောင်းပြင်(PDF) အနေဖြင့် ပြည်သူတို့နှင့်သဟဇာတမဖြစ်သော မည်သည့်ကောက်ခံမှုမျိုးကိုမဆို ပြည်သူတို့၏အကျိုးစီးပွားအလို့ငှာကာကွယ်ပေးသွားမည်ဖြစ်ကြောင်းအသိပေး​ ကြေညာအပ်ပါသည်” ဟု ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဧပြီ ၂၆ရက်) ထုတ်ပြန် သည်။

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နယ်စပ်ဒေသများတွင် လှုပ်ရှားသည့် SNAသည် ပြည်သူ့တော်လှန်ရေးတွင် ပူးပေါင်းပါဝင်လာခြင်းမရှိ၍ ဒေသခံများက ပြစ်တင်ဝေဖန်ခံနေရသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ မကြာသေးမီကလည်း SNAနှင့် အကြမ်းဖက်စစ်ကောင်စီတပ်သည် ခန္တီးမြိုပေါ် လူထုထံမှ ဆက်ကြေးကောက်ရာမှ အဝေမတည့်ဖြစ်ကာ တိုက်ပွဲဖြစ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဆီသို့လှမ်းချီ ‘Road to Tenasserim’ ကမ်ပိန်းက အမေရိကန်ဒေါ်လာ ၁ သိန်း ၆ သောင်းကျော် ထောက်ပို့ကူညီခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

■စစ်အုပ်စုကPDF ရဲဘော်အချို့ကိုလိမ်လည်စည်းရုံး၊တော်လှန်ရေးနယ်မြေသတင်းတွေတန်ပြန် ထောက်လှမ်း၊ ​တော်လှန်​ရေးတပ်​တွေရဲ့ထောင် ၊ ဆေးခန်း နဲ့ အရာရှိနေထိုင်ရာနေရာတွေကိုအဓိက မေးပြီး လေကြောင်းဗုံးကြဲ ​ဧပြီ-၉၊၂၀၂၆။ဟာနာဆန်၊ထားမြတ်/People’s Spring ​ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)ရဲ့ နယ်မြေအတွင်း သတင်းထောက်လှမ်းဖို့ စေလွှတ်ခြင်းခံရတဲ့ ရဲဘော်ဟောင်းတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီးနောက် စစ်ကောင်စီရဲ့ ထောက် လှမ်းရေးကွန်ယက်လည်ပတ်ပုံတွေကိုအသေးစိတ် Public Service...

သတင်း

မကွေးဖက်ဒရယ်ယူနစ် ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြိုနယ်အတွင်းရှိ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တာဝန်ရှိသူတွေနဲ့ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေဒီကနေ့မှာ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ပြီး လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ဖြေရှင်းနိုင်မယ့် သဘောတူညီမှုများရရှိခဲ့တယ်လို့ NUGက ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ ၅ဦး ထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများရှိကြောင်း မကွေးခရိုင်၊ စစ်ဌာနကွပ်ကဲမှုအောက်ရှိ မကွေးခရိုင်အမှတ်(၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။