Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီမှတပ်ကြပ်တစ်ဦး ကျည်ဆံများနှင့်အတူ ပြည်သူ့ရင်ခွင့်ခိုလှုံ

လက်ရှိတွင် CDM စီးယင်းထံ ခိုလှုံလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သား ဦးရေသည် ၂၀ မှ ၃၀ ကြားအတွင်းရှိနေသည်ဟု အဆိုပါအဖွဲ့ထံမှ သိရသည်။

ချင်းပြည်နယ်ကာကွယ်ရေးတပ် CDF( CDM-စီးယင်း)ထံ စစ်​ကောင်စီတပ်မှဒုတပ်ကြပ်တစ်ဦး ကျည်ဆံများနှင့်အတူ ပြည်သူရင်ခွင့်ခိုလှုံလာကြောင်း အဆိုပါ ကာကွယ်ရေးတပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။

ပြည်သူ့ရင်ခွင်ခိုလှုံလာသောတပ်မ​တော်သားသည် မိခင်နှင့်တွေ့ဆုံလိုပြီး ဩစတြေးလျနိုင်ငံတွင်ခိုလှုံလိုသည်ဟု​ပြောထား​ကြောင်း CDF (CDM- စီးယင်း) ကထုတ်ပြန်ရာတွင်ဖော်ပြထားသည်။

“ဧပြီ ၂၀ ရက်ကCDMဝင်လာတာပါ။ ကျွန်တော်တို့ ကိုယ်တိုင်သွားခေါ်ခဲ့ပါတယ်”ဟု CDF(CDM- စီးယင်း)၏ ကွန်မန်ဒါ ကပြောသည်။ လက်ရှိတွင် လုံခြုံသည့်နေရာကို ရောက်ရှိနေပြီဖြစ်ကြောင်းကိုလည်း ၎င်းကဆက်​ပြောသည်။

ထိုအတူ ဧပြီ ၁၉ ရက်ကလည်း ကလေးမြို့မှ တပ်ကြပ်ကြီးစာရေးတစ်ဦးသည်လည်း ၎င်း၏ ဇနီးသည်နှင့်အတူပြည့်သူရင်ခွင်ခိုလှုံပြီး CDF-စီးယင်းထံလာ​ရောက်ပူး​ပေါင်းခဲ့သည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် CDM စီးယင်းထံ ခိုလှုံလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သား ဦးရေသည် ၂၀ မှ ၃၀ ကြားအတွင်းရှိနေသည်ဟု အဆိုပါအဖွဲ့ထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook