Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီမှတပ်ကြပ်တစ်ဦး ကျည်ဆံများနှင့်အတူ ပြည်သူ့ရင်ခွင့်ခိုလှုံ

လက်ရှိတွင် CDM စီးယင်းထံ ခိုလှုံလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သား ဦးရေသည် ၂၀ မှ ၃၀ ကြားအတွင်းရှိနေသည်ဟု အဆိုပါအဖွဲ့ထံမှ သိရသည်။

ချင်းပြည်နယ်ကာကွယ်ရေးတပ် CDF( CDM-စီးယင်း)ထံ စစ်​ကောင်စီတပ်မှဒုတပ်ကြပ်တစ်ဦး ကျည်ဆံများနှင့်အတူ ပြည်သူရင်ခွင့်ခိုလှုံလာကြောင်း အဆိုပါ ကာကွယ်ရေးတပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။

ပြည်သူ့ရင်ခွင်ခိုလှုံလာသောတပ်မ​တော်သားသည် မိခင်နှင့်တွေ့ဆုံလိုပြီး ဩစတြေးလျနိုင်ငံတွင်ခိုလှုံလိုသည်ဟု​ပြောထား​ကြောင်း CDF (CDM- စီးယင်း) ကထုတ်ပြန်ရာတွင်ဖော်ပြထားသည်။

“ဧပြီ ၂၀ ရက်ကCDMဝင်လာတာပါ။ ကျွန်တော်တို့ ကိုယ်တိုင်သွားခေါ်ခဲ့ပါတယ်”ဟု CDF(CDM- စီးယင်း)၏ ကွန်မန်ဒါ ကပြောသည်။ လက်ရှိတွင် လုံခြုံသည့်နေရာကို ရောက်ရှိနေပြီဖြစ်ကြောင်းကိုလည်း ၎င်းကဆက်​ပြောသည်။

ထိုအတူ ဧပြီ ၁၉ ရက်ကလည်း ကလေးမြို့မှ တပ်ကြပ်ကြီးစာရေးတစ်ဦးသည်လည်း ၎င်း၏ ဇနီးသည်နှင့်အတူပြည့်သူရင်ခွင်ခိုလှုံပြီး CDF-စီးယင်းထံလာ​ရောက်ပူး​ပေါင်းခဲ့သည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် CDM စီးယင်းထံ ခိုလှုံလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သား ဦးရေသည် ၂၀ မှ ၃၀ ကြားအတွင်းရှိနေသည်ဟု အဆိုပါအဖွဲ့ထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။