Connect with us

Hi, what are you looking for?

LuduNwayOo

News

ပု​လောသို့လာ​သောစစ်​ကောင်စီတပ်ကားကိုမိုင်းဆွဲကား၂စီးမီး​လောင်ပြီး ၁၀ ဦး​ကျော်​သေဟု​တောကြီး​မြွေ​ဟောက်အဖွဲ့ထုတ်ပြန်

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး စစ်ကောင်စီတပ်သားများစီးလာသည့် ကား ၃ စီးတွင် နှစ်စီးမှာ ပျက်စီးသွားသည်ဟုသိရသည်။ ကျန်တစ်စီးကိုလည်း ဒေသခံကာကွယ်ရေးတပ်များက သိမ်းဆည်းနိုင်ခဲ့​ကြောင်း​ဖော်ပြထားသည်။

●ထားဝယ်-ထီးခီးလမ်းတွင်PDFများကစစ်​ဆေးသည်ကိုစစ်​သားများစီးလာ​သောကားစစ်​ဆေးမခံဘဲတိုက်ပွဲဖြစ် စစ်သား ၂ ဦး​သေ

မြိတ်မြို့မှ ပုလောမြို့ဘက်သို့ ထွက်ခွာလာ​သော စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးကျော်သေဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် တောကြီးမြွေဟောက်အဖွဲ့က ထုတ်ပြန်သည်။

ယနေ့ (ဧပြီ ၂၆ ရက်) တွင် မြိတ်မြို့မှာ စစ်ကောင်စီကား ၁၀စီးထွက်လာပြီး ကတွဲရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားနှစ်စီးမီးလောင်ကာ ၇ စီးထိမှန်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ထိုအပြင် ကျန်တစ်စီးမှာလည်း ဖောက်ခွဲသည့်နေရာအလွန်တွင် ထိုးရပ်သွားခဲ့သည်ဟုသိရသည်။ ထိုတိုက်ခိုက်မူတွင် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးပြီး ​တောကြီး​မြွေ​ဟောက်အဖွဲ့မှထိခိုက်သူမရှိဟုပါရှိသည်။

Public Service Announcement

Public Service Announcement

ထိုအပြင်စစ်ရေးတင်းမာနေသည့် ထားဝယ်-ထီးခီးလမ်းပေါ်ရှိ သဗျာကျေးရွာအုပ်စု၊ မဲချောင်းကျေးရွာတွင် ဒေသခံကာကွယ်ရေးတပ်များက ခရီးလမ်းပိုင်းတွင် စစ်ဆေးစဉ် စစ်ကောင်စီတပ်သားများစီးလာသည့် ကား၃စီးက စစ်ဆေးမခံဘဲ ပြန်လည်ပစ်ခတ်သဖြင့် ယနေ့ (ဧပြီ ၂၆ ရက်) ည ၇နာရီတွင် မိနစ် ၄၀ခန့်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဒေသခံကာကွယ်ရေးတပ်များကထုတ်ပြန်သည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး စစ်ကောင်စီတပ်သားများစီးလာသည့် ကား ၃ စီးတွင် နှစ်စီးမှာ ပျက်စီးသွားသည်ဟုသိရသည်။ ကျန်တစ်စီးကိုလည်း ဒေသခံကာကွယ်ရေးတပ်များက သိမ်းဆည်းနိုင်ခဲ့​ကြောင်း​ဖော်ပြထားသည်။

ထိုတိုက်ပွဲကို KNDO အဖွဲ့၊ T1 Zone ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ-ထားဝယ်)၊သရက်ချောင်းမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့(ပကဖ-သရက်ချောင်း)ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။