Connect with us

Hi, what are you looking for?

News

ပု​လောသို့လာ​သောစစ်​ကောင်စီတပ်ကားကိုမိုင်းဆွဲကား၂စီးမီး​လောင်ပြီး ၁၀ ဦး​ကျော်​သေဟု​တောကြီး​မြွေ​ဟောက်အဖွဲ့ထုတ်ပြန်

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး စစ်ကောင်စီတပ်သားများစီးလာသည့် ကား ၃ စီးတွင် နှစ်စီးမှာ ပျက်စီးသွားသည်ဟုသိရသည်။ ကျန်တစ်စီးကိုလည်း ဒေသခံကာကွယ်ရေးတပ်များက သိမ်းဆည်းနိုင်ခဲ့​ကြောင်း​ဖော်ပြထားသည်။

●ထားဝယ်-ထီးခီးလမ်းတွင်PDFများကစစ်​ဆေးသည်ကိုစစ်​သားများစီးလာ​သောကားစစ်​ဆေးမခံဘဲတိုက်ပွဲဖြစ် စစ်သား ၂ ဦး​သေ

မြိတ်မြို့မှ ပုလောမြို့ဘက်သို့ ထွက်ခွာလာ​သော စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးကျော်သေဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် တောကြီးမြွေဟောက်အဖွဲ့က ထုတ်ပြန်သည်။

ယနေ့ (ဧပြီ ၂၆ ရက်) တွင် မြိတ်မြို့မှာ စစ်ကောင်စီကား ၁၀စီးထွက်လာပြီး ကတွဲရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားနှစ်စီးမီးလောင်ကာ ၇ စီးထိမှန်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ထိုအပြင် ကျန်တစ်စီးမှာလည်း ဖောက်ခွဲသည့်နေရာအလွန်တွင် ထိုးရပ်သွားခဲ့သည်ဟုသိရသည်။ ထိုတိုက်ခိုက်မူတွင် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးပြီး ​တောကြီး​မြွေ​ဟောက်အဖွဲ့မှထိခိုက်သူမရှိဟုပါရှိသည်။

Public Service Announcement

Public Service Announcement

ထိုအပြင်စစ်ရေးတင်းမာနေသည့် ထားဝယ်-ထီးခီးလမ်းပေါ်ရှိ သဗျာကျေးရွာအုပ်စု၊ မဲချောင်းကျေးရွာတွင် ဒေသခံကာကွယ်ရေးတပ်များက ခရီးလမ်းပိုင်းတွင် စစ်ဆေးစဉ် စစ်ကောင်စီတပ်သားများစီးလာသည့် ကား၃စီးက စစ်ဆေးမခံဘဲ ပြန်လည်ပစ်ခတ်သဖြင့် ယနေ့ (ဧပြီ ၂၆ ရက်) ည ၇နာရီတွင် မိနစ် ၄၀ခန့်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဒေသခံကာကွယ်ရေးတပ်များကထုတ်ပြန်သည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး စစ်ကောင်စီတပ်သားများစီးလာသည့် ကား ၃ စီးတွင် နှစ်စီးမှာ ပျက်စီးသွားသည်ဟုသိရသည်။ ကျန်တစ်စီးကိုလည်း ဒေသခံကာကွယ်ရေးတပ်များက သိမ်းဆည်းနိုင်ခဲ့​ကြောင်း​ဖော်ပြထားသည်။

ထိုတိုက်ပွဲကို KNDO အဖွဲ့၊ T1 Zone ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ-ထားဝယ်)၊သရက်ချောင်းမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့(ပကဖ-သရက်ချောင်း)ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook