Connect with us

Hi, what are you looking for?

News

မုံရွာမြို့တွင် စစ်​ကောင်စီစစ်​ဆေး​ရေးဂိတ်ကို PDFအဖွဲ့များအနီးကပ်တိုက်ခိုက် စစ်သား၃ဦး၊ရဲ ၁ဦး​သေ

မဟာမိတ်ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အဆိုပါဖြစ်စဥ်အား Monywa People Defence Force-MPDF၊ Monywa The boy အထူးကွန်မန်ဒိုတပ်ဖွဲ့၊ (မုံရွာခရိုင် တပ်ရင်း ၂)၊ Special Force 11 တို့က ပူးပေါင်းကာ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့များက ပြောသည်။

(ဧပြီ ၂၇ ည​နေ ၄ နာရီ ၁၅ မိနစ်တွင် သတင်းကိုထပ်မံဖြည့်စွက်ထားပါသည်။)

နမခကို တစ်စတစ်စ​ချေမှုန်းရန် အလားတူစစ်ဆင်​ရေးများအများအပြားလာမည်ဟုMPDFတာဝန်ရှိသူ​ပြော

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယနေ့နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ၏ မြို့တွင်းစစ်ဆေးရေးဂိတ်တစ်ခုအား အနီး
ကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်​ကောင်စီတပ်သား ၃ ဦး
နှင့် ရဲ ၁ ဦးသေဆုံးကြောင်း Monywa People Defence Force-MPDF အဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (ဧပြီလ ၂၇ ရက်နေ့) နံနက်ပိုင်းက မုံရွာအခြေစိုက် မဟာမိတ်ညီနောင်များ ပူးပေါင်းပြီး မုံရွာမြို့၊ ဘိုးဘွားရိပ်သာအဝိုင်းပတ်အနီးရှိ အကြမ်းဖက်စစ်ဆေးရေးဂိတ်အား လက်နက်ငယ်များအသုံးပြုကာ အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြငမးဖြစမသည်။ ထိုစစ်ဆေးရေးဂိတ်တွင် အခင်းမဖြစ်ပွားမီ အကြမ်းဖက်စစ်သား ၅ ဦး၊ ရဲ ၄ ဦးနှင့် ယာဥ်ထိန်းရဲ ၃ ဦးခန့်ရှိပြီး အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့မှုအရ အကြမ်းဖက်စစ်သား ၃ ဦး၊ ရဲ ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိသွားသည်ဟု သတင်းအတိအကျရရှိကြောင်း Monywa People Defence Force-MPDFက အသိပေးသည်။

“မနက်ခင်း ၁၀ ခွဲလောက်က ဖြစ်တာပါ။ အလစ်ဝင်တိုက်တာ။ မုံရွာနယ်မြေက PDF တွေက တွန်းလှန်စစ်အတွက် ပြင်ဆင်နေသလိုစနစ်တကျနဲ့ တိုက်စစ်ဖွင့်ပြီး နမခ အထိုင်ရှိတဲ့ စကစ အင်အားများကို တဖြုတ်ဖြုတ် အမှည့်ချွေချွေပြီး စစ်ရေးအားသာလာအောင် လုပ်ဆောင်နေ​တဲ့သဘောပါ။ စစ်ကိုင်းတိုင်းက PDF အင်အားစုတွေ ပိုစနစ်ကျ ပိုအားကောင်းလာတာကို ပြချင်တယ်။ မုံရွာမြေမှာ စကစ ရဲ့ အမာခံ နမခ ခံတပ်ကို တစတစ ဖြုတ်ချ ချေမှုန်းဖို့အတွက် မုံရွာနယ်သားတွေ အသင့်ရှိနေတာကို ပြချင်တာမို့ အခုလို သေသပ်တဲ့ စစ်ဆင်ရေးတွေ အများအပြား လာဖို့ ရှိကြောင်းပြောချင်ပါတယ်။ပြည်သူလူထုအနေနဲ့ ပါဝင်နိုင်တဲ့ဘက်က အားဖြည့်ပါဝင်ကြဖို့ တပါတည်း တိုက်တွန်းပါတယ်ဗျ။”ဟု MPDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

မဟာမိတ်ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အဆိုပါဖြစ်စဥ်အား Monywa People Defence Force-MPDF၊ Monywa The boy အထူးကွန်မန်ဒိုတပ်ဖွဲ့၊ (မုံရွာခရိုင် တပ်ရင်း ၂)၊ Special Force 11 တို့က ပူးပေါင်းကာ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့များက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီအား ခုခံတော်လှန်တိုက်ခိုက်နေသည့် မုံရွာနယ်တွင် စစ်ကောင်စီတပ်များက ပြည်သူများအား အကြမ်းဖက်စစ်ဆေးမှုများ နေ့စဥ်ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ