Connect with us

Hi, what are you looking for?

News

ပုံတောင်ပုံညာရှိ ချောင်းတစ်ခုအတွင်းရေချိုးနေသည့် စစ်ကောင်စီတပ်သားရှစ်ဦးကို ယောတပ်(YDF)တိုက်ခိုက်ရာ ခြောက်ဦးသေဆုံးပြီး နှစ်ဦးထွက်ပြေး

ဧပြီ ၂၇ရက် ညနေ ၅နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်ရှစ်ဦးသည် ပုံတောင်ပုံညာအနီး
ရှုခင်းသာချောင်းတစ်နေရာတွင် ရေချိုးရန်ရောက်ရှ်ိလာစဥ် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း (၁၃)က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

People's Spring
People's Spring

ပုံတောင်ပုံညာတွင်စခန်းချနေသည့် စစ်ကောင်စီတပ်သား ရှစ်ဦး ချောင်းတစ်ခုအတွင်း ရေချိုးဆင်းစဥ် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ကတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ခြောက်ဦးသေဆုံးပြီး နှစ်ဦးထွက်ပြေးလွတ်မြောက်သွားသည်။

ဧပြီ ၂၇ရက် ညနေ ၅နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်ရှစ်ဦးသည် ပုံတောင်ပုံညာအနီး
ရှုခင်းသာချောင်းတစ်နေရာတွင် ရေချိုးရန်ရောက်ရှ်ိလာစဥ် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း (၁၃)က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

” စစ်ခွေးခြောက်ဦးကျပြီး စစ်ခွေးနှစ်ယောက် ဒဏ်ရာနဲ့ထွက်​ပြေးလွတ်မြောက်သွားသည်”ဟု ယောဒေသပြည်သူ့ကာကွယ်ရေးတပ်(YDF)က ယနေ့(ဧပြီ ၂၈) သတင်းထုတ်ပြန်သည်။

YDFသည် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအား နေ့စဥ်တိုက်ခိုက်နေပြီး ဧပြီ ၂၇ရက် နံနက်ပိုင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့သည်။ ဧပြီ ၂၆ရက်က တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သား တစ်ဦးကို လက်နက်ခဲယမ်းများနှင့် ဖမ်းမိခဲ့သည်။ စစ်သုံ့ပန်းစည်းကမ်းနှင့်အညီ ထိန်းသိမ်းထားသည်ဟု YDF က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook