Connect with us

Hi, what are you looking for?

LuduNwayOo

News

ပုံတောင်ပုံညာရှိ ချောင်းတစ်ခုအတွင်းရေချိုးနေသည့် စစ်ကောင်စီတပ်သားရှစ်ဦးကို ယောတပ်(YDF)တိုက်ခိုက်ရာ ခြောက်ဦးသေဆုံးပြီး နှစ်ဦးထွက်ပြေး

ဧပြီ ၂၇ရက် ညနေ ၅နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်ရှစ်ဦးသည် ပုံတောင်ပုံညာအနီး
ရှုခင်းသာချောင်းတစ်နေရာတွင် ရေချိုးရန်ရောက်ရှ်ိလာစဥ် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း (၁၃)က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

People's Spring
People's Spring

ပုံတောင်ပုံညာတွင်စခန်းချနေသည့် စစ်ကောင်စီတပ်သား ရှစ်ဦး ချောင်းတစ်ခုအတွင်း ရေချိုးဆင်းစဥ် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ကတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ခြောက်ဦးသေဆုံးပြီး နှစ်ဦးထွက်ပြေးလွတ်မြောက်သွားသည်။

ဧပြီ ၂၇ရက် ညနေ ၅နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်ရှစ်ဦးသည် ပုံတောင်ပုံညာအနီး
ရှုခင်းသာချောင်းတစ်နေရာတွင် ရေချိုးရန်ရောက်ရှ်ိလာစဥ် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း (၁၃)က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

” စစ်ခွေးခြောက်ဦးကျပြီး စစ်ခွေးနှစ်ယောက် ဒဏ်ရာနဲ့ထွက်​ပြေးလွတ်မြောက်သွားသည်”ဟု ယောဒေသပြည်သူ့ကာကွယ်ရေးတပ်(YDF)က ယနေ့(ဧပြီ ၂၈) သတင်းထုတ်ပြန်သည်။

YDFသည် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအား နေ့စဥ်တိုက်ခိုက်နေပြီး ဧပြီ ၂၇ရက် နံနက်ပိုင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့သည်။ ဧပြီ ၂၆ရက်က တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သား တစ်ဦးကို လက်နက်ခဲယမ်းများနှင့် ဖမ်းမိခဲ့သည်။ စစ်သုံ့ပန်းစည်းကမ်းနှင့်အညီ ထိန်းသိမ်းထားသည်ဟု YDF က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။