Connect with us

Hi, what are you looking for?

News

ရေစကြို PDF က စစ်​ကောင်စီတပ်ကားကို ​မိုင်းဆွဲ

ရေစကြို PDFသည် ယခင်ရက်ပိုင်းက ပခုက္ကူ-ချောင်းဦးလမ်းမကြီးအပါအဝင် ရေစကြိုမြို့နယ်တွင်းလမ်းများအား နယ်မြေလုံခြုံရေးအတွက် ခရီးသွားကားများအား စစ်ဆေးခဲ့သေးသည်။

(ဧပြီ ( ၂၃ ) ရက်နေ့က ရေစကြိုမြို့နယ် ရေစကြို-ချောင်းဦးလမ်းမကြီးပေါ်တွင် လိုအပ်ချက်အရ ရေစကြိုPDF အဖွဲ့ကကားများအား စစ်ဆေးခဲ့စဥ်။ ဓါတ်ပုံ-​ရေစကြို PDF)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ရှင်မတောင်ပေါ်သို့ အင်အားဖြည့်ရန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား
တစ်ဦးသေဆုံးကြောင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဧပြီလ ၂၇ ရက်) နံနက် ( ၁၁) နာရီဝန်းကျင်ခန့်က ရှင်မတောင်ပေါ်သို့ အင်အားဖြည့်ရန်လာသော အကြမ်းဖက်စစ်တပ်ကား ( ၁) စီးအား မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကားမှာ ပျက်စီးသွားပြီး စစ်သားတစ်ဦးသေဆုံး၍ အများအပြားဒဏ်ရာရရှိသွားကြောင်း၊ အကြမ်းဖက်စစ်တပ်ဘက်မှ ရမ်းသမ်းပစ်ခတ်သော်လည်း ပြည်သူကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုက အသိပေးသည်။

သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပြည်သူကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ရေစကြို PDFသည် ယခင်ရက်ပိုင်းက ပခုက္ကူ-ချောင်းဦးလမ်းမကြီးအပါအဝင် ရေစကြိုမြို့နယ်တွင်းလမ်းများအား နယ်မြေလုံခြုံရေးအတွက် ခရီးသွားကားများအား စစ်ဆေးခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ဧပြီ ( ၁၉) ရက်နေ့ကလည်း ရေစကြိုမြို့နယ်၊ဇီးကုန်းနှင့်ဇီးကုန်းကျွန်းကြားတွင် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများအား မိုင်း( ၂) လုံးဆွဲတိုက်ခိုက်ခဲ့ရာ ဆိုင်ကယ် နှင့်ကားများ ပျက်စီးသွားပြီး နေရာတွင် ( ၄) ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်းလည်း ခုတ်ပြန်ထားသည်၊ထိုအပြင် ဧပြီ ၁၉ ရက် ညနေပိုင်းတွင်လည်း အလယ်သောင်နှင့် ဂွက်ကြီးရွာကြားတွင် အကြမ်းဖက်စစ်အုပ်စုကားများအား မိုင်း ( ၁ ) လုံး ဆွဲတိုက်ခိုက်ခဲ့ရာ ပျက်စီးထိခိုက်မှုများရှိကြောင်း PDF -ရေစကြိုမြို့နယ်က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook