Connect with us

Hi, what are you looking for?

News

ရေစကြို PDF က စစ်​ကောင်စီတပ်ကားကို ​မိုင်းဆွဲ

ရေစကြို PDFသည် ယခင်ရက်ပိုင်းက ပခုက္ကူ-ချောင်းဦးလမ်းမကြီးအပါအဝင် ရေစကြိုမြို့နယ်တွင်းလမ်းများအား နယ်မြေလုံခြုံရေးအတွက် ခရီးသွားကားများအား စစ်ဆေးခဲ့သေးသည်။

(ဧပြီ ( ၂၃ ) ရက်နေ့က ရေစကြိုမြို့နယ် ရေစကြို-ချောင်းဦးလမ်းမကြီးပေါ်တွင် လိုအပ်ချက်အရ ရေစကြိုPDF အဖွဲ့ကကားများအား စစ်ဆေးခဲ့စဥ်။ ဓါတ်ပုံ-​ရေစကြို PDF)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ရှင်မတောင်ပေါ်သို့ အင်အားဖြည့်ရန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား
တစ်ဦးသေဆုံးကြောင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဧပြီလ ၂၇ ရက်) နံနက် ( ၁၁) နာရီဝန်းကျင်ခန့်က ရှင်မတောင်ပေါ်သို့ အင်အားဖြည့်ရန်လာသော အကြမ်းဖက်စစ်တပ်ကား ( ၁) စီးအား မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကားမှာ ပျက်စီးသွားပြီး စစ်သားတစ်ဦးသေဆုံး၍ အများအပြားဒဏ်ရာရရှိသွားကြောင်း၊ အကြမ်းဖက်စစ်တပ်ဘက်မှ ရမ်းသမ်းပစ်ခတ်သော်လည်း ပြည်သူကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုက အသိပေးသည်။

သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပြည်သူကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ရေစကြို PDFသည် ယခင်ရက်ပိုင်းက ပခုက္ကူ-ချောင်းဦးလမ်းမကြီးအပါအဝင် ရေစကြိုမြို့နယ်တွင်းလမ်းများအား နယ်မြေလုံခြုံရေးအတွက် ခရီးသွားကားများအား စစ်ဆေးခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ဧပြီ ( ၁၉) ရက်နေ့ကလည်း ရေစကြိုမြို့နယ်၊ဇီးကုန်းနှင့်ဇီးကုန်းကျွန်းကြားတွင် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများအား မိုင်း( ၂) လုံးဆွဲတိုက်ခိုက်ခဲ့ရာ ဆိုင်ကယ် နှင့်ကားများ ပျက်စီးသွားပြီး နေရာတွင် ( ၄) ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်းလည်း ခုတ်ပြန်ထားသည်၊ထိုအပြင် ဧပြီ ၁၉ ရက် ညနေပိုင်းတွင်လည်း အလယ်သောင်နှင့် ဂွက်ကြီးရွာကြားတွင် အကြမ်းဖက်စစ်အုပ်စုကားများအား မိုင်း ( ၁ ) လုံး ဆွဲတိုက်ခိုက်ခဲ့ရာ ပျက်စီးထိခိုက်မှုများရှိကြောင်း PDF -ရေစကြိုမြို့နယ်က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် စစ်ကောင်စီတပ်အထိုင်ချတပ်စွဲထားသော ကျေးရွာတစ်ရွာကို မဟာမိတ်ပူး ပေါင်းအဖွဲ့များနှင့်အတူ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊တပ်ခွဲ(၂)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

သတင်း

ပဲခူးတိုင်း အုတ်တွင်းမြို့နယ်အတွင်းစစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်သားစုဆောင်းခံရသည့် တပ်သားကိုဝေယံထွန်းသည်ကရင်ပြည်နယ် အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးပြီးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ထံ အလင်းဝင်ခဲ့ကြောင်း KNLA ဗဟိုဌာနချုပ်က ယနေ့ထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များဖမ်းဆီးရာ၌ ‘ဝ’တပ်ဖွဲ့(UWSA)၏ လိုင်စင်မဲ့ကားများကို မဖမ်းရဲဘဲ ဒေသခံအရပ်သားကားများကိုသာ ရွေးဖမ်းနေကြောင်း မြို့ခံများက ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင်တွင် စစ်ကောင်စီတပ်၏ လမ်းကင်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ရှိခဲ့ကြောင်း People Defence Force Thandaung တာဝန်ရှိသူက ပြောသည်။