Connect with us

Hi, what are you looking for?

News

အာဏာသိမ်းပြီးနောက် ကြီးထွားလာသည့်လောင်းကစားလုပ်ငန်းများ ဆက်လက်မလုပ်ကိုင်ရန် ထီးလင်းပြည်သူ့ရဲတပ်ဖွဲ့ တားမြစ်ချက်ထုတ်ပြန်

တားမြစ်ချက်ကိုမလိုက်နာပဲဆက်လက်လုပ်ကိုင်နေပါက ထီးလင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဖြစ်သည်ဟုလည်း သတိပေးထား သည်။

People's Spring
People's Spring

လောင်းကစားဒိုင်များနှင့် နှလုံးထီအရောင်းကိုယ်စား လှယ်များအနေဖြင့် လောင်းကစားလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခြင်းမပြုရန် ထီးလင်းပြည်သူ့ရဲတပ် ဖွဲ့မှ တားမြစ်ထားကြောင်း ထီးလင်း ယောဒေသကာကွယ်ရေးတပ်(YDF) က ယနေ့ ထုတ်ပြန်လိုက်သည်။

မကွေးတိုင်း ထီးလင်းမြို့နယ်တွင် နှစ်လုံးထီလောင်း ကစားလုပ်ငန်းကြီးထွားလာနေပြီး ယခုအချိန်တွင် အိမ်၊ခြံ၊မြေများပေါင်နှံရောင်းချကာ လောင်းကစားကြသူများပင်ရှိလာကြောင်း စိစစ်တွေ့ရှိရသည်ဟု CDM ရဲများဖြင့်စုဖွဲ့ထားသည့် ထီးလင်းပြည်သူ့ရဲတပ်ဖွဲ့က ဆိုသည်။

စစ်တပ်မှမတရားအာဏာသိမ်းပြီးနောက်ပိုင်း အများပြည်သူစီးပွားရေးကြပ်တည်းနေချိန်တွင် စစ်ကောင်စီလက်အောက်ခံရဲများနှင့်ဝေစားမျှစားလုပ်ကာစီးပွားရှာနေကြသော ထီးလင်းမြို့နေ ဇေယျာဌေး၊ဝင်းမင်းဇော် စသည့်လောင်းကစားဒိုင်အကြီးစားများနှင့် နှစ်လုံးထီ အရောင်းကိုယ်စားလှယ်များအနေဖြင့် လောင်းကစားလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခြင်း မပြုလုပ်ရန် သတိပေးတားမြစ်လိုက်ကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

တားမြစ်ချက်ကိုမလိုက်နာပဲဆက်လက်လုပ်ကိုင်နေပါက ထီးလင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဖြစ်သည်ဟုလည်း သတိပေးထား သည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းပြီးနောက် ထီးလင်းမြို့နယ်သာမက အနယ်နယ်အရပ်ရပ်ရှိ ပြည်သူလူထုများ နိုင်ငံရေးဘက် အာရုံလျော့ပါးလာစေရန်ရည်ရွယ်ပြီး ကြက်ပွဲ၊ ဂျင်ပွဲများအပါအဝင် လောင်းကစားပွဲများ၊ လောင်း ကစားလုပ်ငန်းများကို ပေါ်ပေါ်တင်တင်ပင် ခွင့်ပြုပေးနေသည်ဟု ဒေသခံတစ်ဦးက သုံးသပ်ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။