Connect with us

Hi, what are you looking for?

News

ဖရူဆိုမြို့နယ်တိုက်ပွဲ KNDF ရဲ​ဘော်တစ်ဦးကျဆုံး

မေလ ၆ရက်တိုက်ပွဲတွင် ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၄)နှင့်တပ်ရင်း(၁၅)တို့က အကြမ်းဖက်စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ခဲ့ကြ​ခြင်းဖြစ်သည်။

ဓာတ်ပုံ - KNDF

ဖရူဆိုမြို့နယ်တွင် မေလ၆ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း KNDFမှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်။

မေလ၆ရက် နေ့လယ်က ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာနှင့် လောကျေခူရွာသစ်‌ကျေးရွာကြား တိုက်ပွဲတွင် ၎င်းတို့တပ်မှ ရဲဘော်ခူးသဲရယ် ကျဆုံးခဲ့ရသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၁၅)က သတင်းထုတ်ပြန်သည်။

“ရဲဘော် မင်းတာဝန်ကျေလွန်းခဲ့ပြီ။ ကောင်းရာမွန်ရာရောက်ပါစေ”ဟု ခူးသံရယ်၏ စျာပန မှတ်တမ်းဓာတ်ပုံနှင့်အတူ KNDFတပ်ရင်း(၁၅)က ထုတ်ပြန်ထားသည်။

မေလ ၆ရက်တိုက်ပွဲတွင် ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၄)နှင့်တပ်ရင်း(၁၅)တို့က အကြမ်းဖက်စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ခဲ့ကြ​ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီဖက်မှ သေဆုံးမှုရှိခဲ့သော်လည်း အတိအကျမသိရဟု ထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ်၌ ယခုရက်ပိုင်းတိုက်ပွဲတွင် စစ်ကောင်စီ အထိနာနေပြီး လေကြောင်းအသုံးပြုတိုက်ခိုက်နေသည်။

ထို့အပြင် မေလ ၆ရက်ကလည်း ရှားတောတိုက်ပွဲတွင် စစ်ကောင်စီဘက်က ခမရ(၄၂၈)ဒုတပ်ရင်းမှူးအပါအဝင် ​ခြောက်ဦးသေဆုံးခဲ့သည်။ မေလ ၇ရက်က ဖရူဆိုတိုက်ပွဲတွင်လည်း စစ်ကောင်စီယာဥ်တန်းကို ဖျက်ဆီးနိုင်ခဲ့ပြီး အရှင်ဖမ်းမိသူများရှိသည်ဟု KNDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် ကျေးရွာ ၃ရွာက နေအိမ် ၈၀ကျော်ကို အာဏာသိမ်းစစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်စစ် ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ အရေးပေါ်စစ်ရှောင်နေရပြီး ပိတ်မိနေသူတွေရှိတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ CTER-Karenni က ဒီကနေ့ မေလ ၁၁ရက်မှာ ထုတ်ပြန်ပါတယ်။