Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖရူဆိုမြို့နယ်တိုက်ပွဲ KNDF ရဲ​ဘော်တစ်ဦးကျဆုံး

မေလ ၆ရက်တိုက်ပွဲတွင် ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၄)နှင့်တပ်ရင်း(၁၅)တို့က အကြမ်းဖက်စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ခဲ့ကြ​ခြင်းဖြစ်သည်။

ဓာတ်ပုံ - KNDF

ဖရူဆိုမြို့နယ်တွင် မေလ၆ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း KNDFမှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်။

မေလ၆ရက် နေ့လယ်က ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာနှင့် လောကျေခူရွာသစ်‌ကျေးရွာကြား တိုက်ပွဲတွင် ၎င်းတို့တပ်မှ ရဲဘော်ခူးသဲရယ် ကျဆုံးခဲ့ရသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၁၅)က သတင်းထုတ်ပြန်သည်။

“ရဲဘော် မင်းတာဝန်ကျေလွန်းခဲ့ပြီ။ ကောင်းရာမွန်ရာရောက်ပါစေ”ဟု ခူးသံရယ်၏ စျာပန မှတ်တမ်းဓာတ်ပုံနှင့်အတူ KNDFတပ်ရင်း(၁၅)က ထုတ်ပြန်ထားသည်။

မေလ ၆ရက်တိုက်ပွဲတွင် ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၄)နှင့်တပ်ရင်း(၁၅)တို့က အကြမ်းဖက်စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ခဲ့ကြ​ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီဖက်မှ သေဆုံးမှုရှိခဲ့သော်လည်း အတိအကျမသိရဟု ထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ်၌ ယခုရက်ပိုင်းတိုက်ပွဲတွင် စစ်ကောင်စီ အထိနာနေပြီး လေကြောင်းအသုံးပြုတိုက်ခိုက်နေသည်။

ထို့အပြင် မေလ ၆ရက်ကလည်း ရှားတောတိုက်ပွဲတွင် စစ်ကောင်စီဘက်က ခမရ(၄၂၈)ဒုတပ်ရင်းမှူးအပါအဝင် ​ခြောက်ဦးသေဆုံးခဲ့သည်။ မေလ ၇ရက်က ဖရူဆိုတိုက်ပွဲတွင်လည်း စစ်ကောင်စီယာဥ်တန်းကို ဖျက်ဆီးနိုင်ခဲ့ပြီး အရှင်ဖမ်းမိသူများရှိသည်ဟု KNDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်တွင်တာဝန်ထမ်း‌ ဆောင်ရန် တပ်ရင်းသို့ဆက်သွယ်လာသူများရှိနေပြီး စိစစ်လက်ခံလျက်ရှိကြောင်းလည်း အသိပေးသည်။

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။

သတင်း

မြိုင်ပကဖနှင့် ဒေသတွင်းမဟာမိတ်အဖွဲ့များသည် ပခုက္ကူမှ ချင်းပြည်နယ်သို့တက်လာသော စစ်ကောင်စီယာဥ်တန်းများအား တိုက်ခိုက်လျက်ရှိသည်။

သတင်း

ယမန်နှစ် နိုဝင်ဘာ ၁၁ ရက်ကစတင်ခဲ့သော ကရင်နီဒေသ ၁၁၁၁ စစ်ဆင်ရေး၏ အဓိက စစ်ရေးနေရာ ဖြစ်သည့် လွိုင်ကော်မြို့တိုက်ပွဲမှာ သုံးလ နှင့် ၁၇ ရက်ရှိလာပြီဖြစ်သည်။