Connect with us

Hi, what are you looking for?

News

စစ်ကောင်စီခေါင်းဆောင်၏ဆွေးနွေးပွဲ မတက်ရောက်နိုင်ဟု ABSDF ထုတ်ပြန်

စစ်ကောင်စီခေါင်းဆောင်၏ ကမ်းလှမ်းချက်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)တို့က လက်မခံဘဲ ပယ်ချထားသည်။

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်း ဆောင်များနှင့် ဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) က လက်မခံဘဲ ပယ်ချလိုက်သည်။

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် သူကိုယ်တိုင် ဆွေးနွေးလိုကြောင်း မင်းအောင်လှိုင်က ဧပြီ ၂၂ရက်တွင် ထွက်ပြောခဲ့သည့်အပြင် မေလ ၂ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ စာပို့၍ ထပ်မံ အဆိုပြုကမ်းလှမ်းခဲ့သည်။

အဆိုပါ ကမ်းလှမ်းချက်တွင် အားလုံးပါဝင်သည့် တန်းတူရည်တူ ဆွေးနွေးအဖြေရှာရန် ပြည့်စုံလုံလောက်သော အခင်းအကျင်းမရှိသည့်အတွက် တက်ရောက်နိုင်မည်မဟုတ်ဟု ABSDFက သဘောထား ထုတ်ပြန်သည်။

ထို့ကြောင့် ပါဝင်သင့် ပါဝင်ထိုက်သူများအားလုံး ပါဝင်ပြီး တန်းတူရည်တူ ဆွေးနွေးနိုင်သည့် အဓိပ္ပါယ် ပြည့်၀သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်လာရန်လိုအပ်ကြောင်း ABSDFက သဘောထား ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီခေါင်းဆောင်၏ ကမ်းလှမ်းချက်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)တို့က လက်မခံဘဲ ပယ်ချထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။