Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီခေါင်းဆောင်၏ဆွေးနွေးပွဲ မတက်ရောက်နိုင်ဟု ABSDF ထုတ်ပြန်

စစ်ကောင်စီခေါင်းဆောင်၏ ကမ်းလှမ်းချက်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)တို့က လက်မခံဘဲ ပယ်ချထားသည်။

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်း ဆောင်များနှင့် ဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) က လက်မခံဘဲ ပယ်ချလိုက်သည်။

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် သူကိုယ်တိုင် ဆွေးနွေးလိုကြောင်း မင်းအောင်လှိုင်က ဧပြီ ၂၂ရက်တွင် ထွက်ပြောခဲ့သည့်အပြင် မေလ ၂ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ စာပို့၍ ထပ်မံ အဆိုပြုကမ်းလှမ်းခဲ့သည်။

အဆိုပါ ကမ်းလှမ်းချက်တွင် အားလုံးပါဝင်သည့် တန်းတူရည်တူ ဆွေးနွေးအဖြေရှာရန် ပြည့်စုံလုံလောက်သော အခင်းအကျင်းမရှိသည့်အတွက် တက်ရောက်နိုင်မည်မဟုတ်ဟု ABSDFက သဘောထား ထုတ်ပြန်သည်။

ထို့ကြောင့် ပါဝင်သင့် ပါဝင်ထိုက်သူများအားလုံး ပါဝင်ပြီး တန်းတူရည်တူ ဆွေးနွေးနိုင်သည့် အဓိပ္ပါယ် ပြည့်၀သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်လာရန်လိုအပ်ကြောင်း ABSDFက သဘောထား ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီခေါင်းဆောင်၏ ကမ်းလှမ်းချက်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)တို့က လက်မခံဘဲ ပယ်ချထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။