Connect with us

Hi, what are you looking for?

News

ထီရိတိုက်ပွဲတွင် လက်နက်ချသောစစ်သုံ့ပန်း ၅ ဦးကို ​​ဆေးကု​ပေး၍ကောင်းမွန်စွာ​ထား

လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိစစ်သုံ့ပန်းများကို NUG ကာကွယ်ရေး ဝန်ကြီးဋ္ဌာန၊အလယ်ပိုင်းတိုင်း၊ရှမ်းကယားစစ်ရေးကော်မရှင်ထံအပ်နှံခဲ့ပြီးကောင်းမွန်စွာထားရှိကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ က ထုတ်ပြန်လာခြင်းဖြစ်သည်။

(လက်နက်ချ အဖမ်းခံ​သော စစ်သား ၅ ဦးမှာ စစ်တပ်မှ နှစ် ဦးPNO မှသုံးဦးဖြစ်သည်။ ။ ဓါတ်ပုံ-ဖယ်ခုံPDF)

ဗိုလ်မှူးတစ်ဦးအပါအဝင်စစ်သား ၁၅ဦး​သေ

ထီရိရွာတိုက်ပွဲအတွင်း စစ်​ကောင်စီတပ်မှလက်နက်ချခဲ့သည့် စစ်သုံ့ ပန်း ၅ ဦးကို ဆေးကုသမှု့ပေးပြီး ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ က ယနေ့(မေ ၁၃ ရက်)တွင် ထုတ် ပြန်သည်။

ထို့အပြင် လက်ရှိ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျှက်ရှိသည်ဟု အသိပေးသည်။

“ဒီလို ထုတ်ပြန်တယ်ဆိုတာ ကျွန်တော်တို့ ပြည်သူ့တပ်တွေအနေနဲ့ သုံ့ပန်းနဲ့ လူ့ဂုဏ်သိက္ခာ အညီ ကျင့်သုံးတယ်။ပြီးတော့ စကစ လက် အောက်ခံတပ်သားတွေအနေနဲ့ အသက်အသေမခံဘဲအမြန် ဆုံး CDM လုပ်ကြပါ”ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့(မေ ၁၂ ရက်) နံနက် ၄ နာရီ ၄၅ မိနစ် ခန့်က ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်အစပ် ရှိညောင်ရွှေမြို့နယ်၊ထီရိကျေးရွာ၊စာသင် ကျောင်းအတွင်း အခိုင်အမာတပ်စွဲထားသော တပ်မ-၅၅ လက်အောက်ခံ ခမရ-၁၈ တပ်နှင့်PNO အဖွဲ့ကို ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ် တပ်ရင်း၂ ၊KNDF တပ်ရင်း ၃ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ရာ တစ်နာရီခွဲခန့်တိုက်ပွဲပြင်းထန်ခဲ့သည်။

တိုက်ပွဲတွင် ထီရိစခန်း ကိုသိမ်းပိုက်နိုင်ခဲ့ပြီးဗိုလ်မှူးအဆင့်အပါအဝင် စစ်ကောင်စီတပ်သား၁၅ဦး​သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦးနှင့် PNO တပ်သား၃ ဦး လက်နက်ချဖမ်းမိခဲ့သည်။ကနဦးတွင် လက်နက်ချသည့် စစ်သား ၅ ​ယောက်ထဲတွင်ဗိုလ်မှူး ၁ ဦးပါဝင်​ကြောင်း သတင်းထွက်​ပေါ်ခဲ့​သော်လည်း ဗိုလ်မှူးမှာ​သေသွားပြီး ဖမ်းဆီးရမိသူများမှာတပ်သား ၅ ​​ယောက်ဖြစ်​​နေသည်။

လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိစစ်သုံ့ပန်းများကို NUG ကာကွယ်ရေး ဝန်ကြီးဋ္ဌာန၊အလယ်ပိုင်းတိုင်း၊ရှမ်းကယားစစ်ရေးကော်မရှင်ထံအပ်နှံခဲ့ပြီးကောင်းမွန်စွာထားရှိကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ က ထုတ်ပြန်လာခြင်းဖြစ်သည်။

တိုက်ပွဲအတွင်းဖယ်ခုံPDF မှ ရဲဘော်နှစ်ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့ကာတစ်ဦးစိုးရိမ်ရသဖြင့် ဆေး ကုသမှု့ခံယူလျှက်ရှိသည်။

တိုက်ပွဲဖြစ်ပြီးမကြာမီ စစ်ကောင်စီ၏ဂျက်တိုက်လေယဥ်နှစ်စီးလာရောက်ဗုံးကျဲခဲ့ပြီး ဖယ်ခုံမြို့၊စကခ-၇မှ ၁၀၅ မမလက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သဖြင့်ဒေသခံများတိမ်းရှောင်နေရကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ PDF ဇိုလဲန်းတပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၈၀ ဦးခန့် ထွက်ပြေးသွားရာ ထက်ဝက်ခန့်က စစ်တပ်ထံ ပြန်လည်ရောက်ရှိသွားပြီး ၂၀ဦးခန့်ကို ပြန်ဖမ်းမိထားကြောင်း ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် အလောင်း ၄၀ကျော်ရှိပြီး စစ်ကြောင်းတစ်ခုလုံးပြုတ်