Connect with us

Hi, what are you looking for?

News

ပဲခူးတိုင်း PDF တိုက်ခိုက်၍ စစ်​ကောင်စီတပ် သုံးဦး​သေဟုဆို

“အပြန်အလှန်ထိတွေမှုဖြစ်စဉ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး၊ ဒဏ်ရာရရှိသူ အချို့ရှိခဲ့သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်”ဟု Bago Region PDF က ဆိုသည်။

ပဲခူးတိုင်းပြည်သူ့ကာကွယ်​ရေးတပ်က စစ်ကောင်စီတပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးခဲ့သည်။

မေလ ၁၃ ရက် နံနက်၈နာရီခန့်တွင် ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ်ဂွေ့ကြီးကျေးရွာနှင့် ညောင်လေးပင်ကျေးရွာအကြား၌ အင်အား ၃၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်းအမှတ် (၃၈၀၁)တပ်ခွဲ -၂ နှင့် တပ်ခွဲ- ၃ တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ထိတွေ့မှုဖြစ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

“အပြန်အလှန်ထိတွေမှုဖြစ်စဉ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး၊ ဒဏ်ရာရရှိသူ အချို့ရှိခဲ့သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်”ဟု Bago Region PDF က ဆိုသည်။

ယမန်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်းအမှတ် (၃၈၀၁) တပ်ခွဲ -၂ နှင့် တပ်ခွဲ- ၃ တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က လေးဦးခန့်သေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။