Connect with us

Hi, what are you looking for?

News

မိုးဗြဲPDF ကစစ်​ကောင်စီတပ်ကိုတိုက်ခိုက် စစ်သား ၃ဦး​သေ၊ PDF နှစ်ဦးဒဏ်ရာရ

ထိခိုက်ဒဏ်ရာရ ရဲဘော်တစ်ဦးသည် စိုးရိမ်ရသော်လည်း MOBYE PDF Rescue Team- MPRT မှ စနစ်တကျ ကုသပေးလျက်ရှိကြောင်းလည်း အသိပေးသည်။

(မိုးဗြဲ PDF တပ်ဖွဲ့ဝင်များ)

ရှမ်း-ကယား(ကရင်နီ) ဒေသအစပ် မိုးဗြဲမြို့အခြေစိုက် ​(ခြေမြန်တပ်ရင်း) ခမရ -၄၂၂ တပ်ရင်းအနီးရှိ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ရာ သုံးဦးထက်မနည်းသေဆုံးကြောင်းမိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-MBPDF က ထုတ်ပြန်သည်။

ယနေ့(မေ ၁၄ ရက်) နံနက် အစောပိုင်းတွင် မိုးဗြဲ ပြည်သူ့ကာကွယ်‌ရေးတပ်- MB PDF မှ ပြောက်ကျားဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပစ်ခတ်မှုကြာချိန် မိနစ်(၃၀) အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကို အနီးကပ် စွန့်စွန့်စားစား ပစ်ခတ်ခဲ့သည်ဟု​ဖော်ပြထားသည်။

(မိုးဗြဲ PDF တပ်ဖွဲ့ဝင်များ)

တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှ (၃)ဦးထက်မနည်း သေဆုံးခဲ့ပြီး MB PDF မှ ရဲဘော်(၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

“မနက်က ၅ နာရီကျော် ခြောက်နာရီလောက်မှာသေနတ်သံတွေကြားရတာ။တော်တော်တော့ကြာတယ်။မိနစ် နှစ်ဆယ်နီးပါးလောက်ကို ကြားရတာ”ဟု မိုးဗြဲမြို့နေဒေသခံ
တစ်ဦးက လူထုနွေဦးသို့ပြောသည်။

Public Service Announcement

Public Service Announcement

ထိခိုက်ဒဏ်ရာရ ရဲဘော်တစ်ဦးသည် စိုးရိမ်ရသော်လည်း MOBYE PDF Rescue Team- MPRT မှ စနစ်တကျ ကုသပေးလျက်ရှိကြောင်းလည်း အသိပေးသည်။

ရဲဘော်များ၏ ခဲယမ်း၊ မီးကျောက်များသည် အားနည်းနေသည့်အတွက် မိဘပြည်သူများအနေဖြင့် ထပ်မံ ထောက်ပံ့ပေးရန် လည်း MB PDF တောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ