Connect with us

Hi, what are you looking for?

News

မြိုင်တွင်စစ်တပ်တပ်စွဲထား​သောပျူ​ရွာကိုလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်

စစ်တပ်နှင့် ပျူများဘက်မှ ထိခိုက်သေဆုံးမှု အသေးစိတ်မသိရသေးဘဲ ၎င်းတို့က လက်နက်ကြီးဖြင့် သုံးချက် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များအားလုံး ထိခိုက်မှုမရှိ ဆုတ်ခွာခဲ့သည်ဟု မဟာမိတ်တို့ကဆိုသည်။

(မြိင်တွင် စစ်တပ် တစ်စွဲထား​သောပျူရွာကိုလက်နက်ကြီးဖြင့်ပစ်ခတ်စဥ်)

●​မြောင်မြို့နယ်​ကျောက်ရစ်ရွာတွင်ကင်း​စောင့်​နေ​သောစစ်သားနှင့်ပျူများကို တိုက်ခိုက်ရာ ၃ ဦး​သေဟုဆို

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်တပ်စွဲထားသော ပျူစောထီးရွာတစ်ရွာအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းမဟာမိတ်အဖွဲ့များကသတင်ထုတ်ပြန်
သည်။

မေလ ၁၃ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသည့်ပျူစောထီးကြီးစိုးရာ ကန်နီကျေးရွာအားလက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း မဟာမိတ်အဖွဲ့များက ပြောသည်။

စစ်တပ်နှင့် ပျူများဘက်မှ ထိခိုက်သေဆုံးမှု အသေးစိတ်မသိရသေးဘဲ ၎င်းတို့က လက်နက်ကြီးဖြင့် သုံးချက် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များအားလုံး ထိခိုက်မှုမရှိ ဆုတ်ခွာခဲ့သည်ဟု မဟာမိတ်တို့ကဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုအား ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(PUGF)၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ ဂဠုန်ပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ ၊ သံမဏိသိန်းငှက်တပ်ဖွဲ့၊ တမာမြေပြောက်ကျားတပ်ဖွဲ့၊ Young Force ၊ PKU North ၊ ဆင်ရိုင်းတပ်ဖွဲ့၊ YSO Southern PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ၎င်းတို့က အသိပေးသည်။

ပြည်သူများအနေဖြင့် တိုက်ပွဲသတင်းများကိုနားစွင့်၍ အကြမ်းဖက်စစ်တပ်နှင့် ဝေးရာသို့ရှောင်တိမ်းကြရန် မဟာမိတ်အဖွဲ့များက အသိပေးထားသည်။

ထိုအပြင် ​မေ ၁ ၂ ရက် နံနက် ၇ နာရီခွဲခန့်ကစစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရွာတွင်တပ်စွဲထား​သော အကြမ်းဖက်စစ်တပ်၊ ရဲနှင့် ပျူစောထီးအဖွဲ့ မှ ကင်း​စောင့်အဖွဲ့ကို ရှေ့ထွက်အမြှောက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ရာ စစ်သားနှစ်ဦးနှင့် ပျူစောထီးတစ်ဦး သေဆုံးသွားသည်ဟု မဟာမိတ်အဖွဲ့များက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအား ဗိုလ်တောက်ထွန်း MBTT၊ မြောင်မြို့နယ်T.G.Rပြည်သူ့ကာကွယ်ရေးတပ်၊ ဗိုလ်နေတိုး အထူးပြောက်ကျားအဖွဲ့၊ 11Brothers ၊B.G.F (Myingyan)၊ Saw Bwar Gyi MPDF အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ​ဖော်ပြထားသည်။

မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ မကြာခဏပစ်ခတ်မှုများ ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်အား မကွေးတိုင်းနှင့် မန္တလေး
တိုင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကပါပူး​ပေါင်တိုက်ခိုက်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ရက္ခိုင်ပြည်နယ်၊ အမ်းမြို့နယ်က တလိုင်းတောင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ကျားမသောက်တပ်ရင်းထဲ AA ရဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသေအပျောက်ရှိ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။