Connect with us

Hi, what are you looking for?

News

မုံရွာ-မန္တလေးလမ်းတွင် စစ်​ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်

အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့(PAFD) တပ်ခွဲ DK PDF MMUမှတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဆုတ်ခွာခဲ့ကြောင်းPAFD ကအသိပေးသည်။

(ဧပြီလကုန်ပိုင်းက မုံရွာ-မန္တလေးလမ်းပေါ်ဖြတ်သန်းသွားသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအားတွေ့ရစဥ်။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်တန်းအားပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးထိခိုက်မှုများရှိကြောင်းအာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD) ကသတင်းထုတ်ပြန်သည်။

ယနေ့ (မေလ ၁၄ ရက်နေ့) နံနက် ၁၁း၃၀ ခန့်က မန္တလေးမှ မြင်းမူသို့ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီတပ်များလိုက်ပါလာသည့်ပေါင်မုန့်ကားအစီး ၂၀နှင့် Express ကားတစ်စီးအားမြင်းမူမြို့ နှင့် ဝမ်းပြည့်ရွာကြားတွင် ပဒေသာမိုင်းဆွဲကာတိုက်ခိုက်ခဲ့ကြောင်း PAFD ကအသိပေးသည်။

Public Service Announcement

“ကားတစ်စီးပွင့်ထွက်သွားပြီး အတော်များများသေပြီး ဒဏ်ရာရသူလဲများတယ်လို့ ဒေသခံများမှသတင်းပို့လာပါတယ်။ အထဲဝင်မရလို့ အတိအကျတော့မသိရပါဘူးတဲ့ခင်ဗျ”ဟု PAFD တာဝန်ရှိသူက ပြောသည်။

အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့(PAFD) တပ်ခွဲ DK PDF MMUမှတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဆုတ်ခွာခဲ့ကြောင်းPAFD ကအသိပေးသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ (မေလ ၁၃ ရက်) နေ့လယ်ပိုင်းကလည်း မုံရွာ – မန္တလေးလမ်းမကြီး၊ မြေနဲရွာအနီး၌ အကြမ်းဖက်စစ်တပ်နှင့် ရဲများလိုက်ပါလာသည့်FAW ကားတစ်စီးအားမိုင်းသုံးလုံး တစ်ပြိုင်တည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ ၁၅ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တပတ်ကျော်အတွင်း အိမ်ခြံမြေပွဲစားတွေ ပြန်ပေးဆွဲခံရမှု ၂မှုဖြစ်လာ

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook