Connect with us

Hi, what are you looking for?

News

ရခိုင်ပြည်သူလူထု ထိခိုက်နာကျင်ခံစားရမှုများ တရားမျှတမှုရှိစွာ ပြန်လည်ကုစားနိုင်ရေး ကြိုးပမ်းမည်ဟု NUG ကတိပြု

ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများ၏ ရပိုင်ခွင့်များရရှိစေရန် သက်ဆိုင်သူအဖွဲ့အစည်းအားလုံးနှင့်အတူတကွ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း NUG ၏ သဝဏ်လွှာ၌ ဖော်ပြသည်။

▪️ရခိုင်လူထုရပိုင်ခွင့်အတွက် သက်ဆိုင်သူအဖွဲ့အစည်းအားလုံးနှင့်အတူတကွ ပူးပေါင်းမည်ဟုဆို

ရခိုင်ပြည်ရှိ ပြည်သူလူထု၏ထိခိုက်နာကျင်ခံစားခဲ့ရမှုများအတွက် တရားမျှတမှုရှိစွာ ပြန်လည် ကုစားဖြည့် ဆည်းပေးနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်သည်။

ယနေ့ကျရောက်သော (၉)ကြိမ်မြောက် “ရက္ခိုင်အမျိုးသားနိ” (ရခိုင်အမျိုးသားနေ့)တွင် NUG က သဝဏ်လွှာပေးပို့ရာတွင် လွန်ခဲ့သောနှစ်များအတွင်း ရခိုင်ပြည်အပါအဝင် နယ်နိမိတ်ချင်းထိစပ်သည့်နယ်မြေဒေသများအတွင်း စစ်ရေး၊ နိုင်ငံရေးပဋိပက္ခများကြောင့် ပြည်သူလူထုနည်းမျိုးစုံဖြင့်ထိခိုက်နာကျင်ခဲ့ရမှုများအတွက် များစွာ ကိုယ်ချင်းစာနာပြီး၊ ပျက်ကွက်မှုများစွာဖြစ်ပေါ်ခဲ့ခြင်းအတွက်လည်း အလွန်ပင်စိတ်မကောင်းဖြစ်ရပါကြောင်း ဖော်ပြသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများ၏ ရပိုင်ခွင့်များရရှိစေရန် သက်ဆိုင်သူအဖွဲ့အစည်းအားလုံးနှင့်အတူတကွ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း NUG ၏ သဝဏ်လွှာ၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ရခိုင်လူမျိုးများသည် မိမိတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ နိုင်ငံရေးအရတန်းတူညီမျှမှုရရှိရေးနှင့် ရခိုင်ပြည်အတွင်း အမျိုးသားရေးစည်းလုံးညီညွတ်မှုများကို ကြိုးပမ်းတည်ဆောက်လျက် ရှိသည်ဟု NUG က ဆိုသည်။

ထို့အတူ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုလိုလားကြသူတိုင်းရင်းသားလူမျိုးများအားလုံးသည် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ စနစ်ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံကို အသစ်တဖန်ပြန်လည်တည်ဆောက်ရန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိနေချိန် လည်းဖြစ်ပြီး ရခိုင်အမျိုး သမီး၊ အမျိုးသားများ၏ ပြည့်ဝသောပါဝင်မှုနှင့် အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း ဖော်ပြလိုကြောင်း NUG က ထုတ်ပြန်သည်။

“ရက္ခိုင်အမျိုးသားနိ” (ရခိုင်အမျိုးသားနေ့) အချိန်အခါသာမယတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာ၌ရောက်ရှိနေထိုင်နေကြသော ရခိုင်အမျိုးသမီး၊ အမျိုးသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလုံခြုံ၍ဘေးရန်အပေါင်းမှကင်းကွာကြပါစေကြောင်း NUG က ဆုမွန်ကောင်းတောင်းသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

Facebook