Connect with us

Hi, what are you looking for?

News

အဂတိနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားစွဲတဲ့အမှု တရားလိုမလာရောက်နိုင်လို့ မစစ်ဖြစ်

တရားလိုဖြစ်သူ စစ်ကောင်စီလက်အောက်ခံ အဂတိကော်မရှင်က အရာရှိ ဦးအောင်ခန့်ဟာ ကျန်းမာရေးကြောင့် ဒီနေ့တရားခွင်ကိုရောက်မလာနိုင်တာလို့ တရားရုံးနဲ့ နီးစပ်သူတွေထံကသိရပါတယ်။

GETTY IMAGES

ရဟတ်ယာဉ်ဌားရမ်း၊ဝယ်ယူတာနဲ့ပတ်သက်ပြီး အဂတိပုဒ်မနဲ့ သမ္မတဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ စွဲဆိုခံထားရတဲ့အမှုမှာ တရားလိုဖြစ်သူ တရားခွင်ကို ရောက်မလာတာကြောင့် ဒီနေ့ မစစ်ဆေးဖြစ်ဘူးလို့သိရပါတယ်။

တရားလိုဖြစ်သူ စစ်ကောင်စီလက်အောက်ခံ အဂတိကော်မရှင်က အရာရှိ ဦးအောင်ခန့်ဟာ ကျန်းမာရေးကြောင့် ဒီနေ့တရားခွင်ကိုရောက်မလာနိုင်တာလို့ တရားရုံးနဲ့ နီးစပ်သူတွေထံကသိရပါတယ်။

တရားလိုရောက်မလာနိုင်တာကြောင့်လာမယ့်ရုံးချိန်းကို မေလ ၂၃ ရက် ကိုချိန်းဆိုလိုက်ပါတယ်။ ဒီနေ့ တရားခွင့်ကိုတက်လာတဲ့ သမ္မတ ဦးဝင်းမြင့် ၊ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ကျန်းမာရေးကောင်းမွန်ကြတယ်လို့သိရပါတယ်။

NLD အစိုးရ လက်ထက်မှာ သဘာဝဘေးအန္တရာယ် အရေးပေါ်ပေါက်လာရင်အသုံးပြုဖို့ ရဟတ်ယာဉ် ဌာရမ်းတာ ၊ဝယ်ယူရာမှာ နိုင်ငံဘဏ္ဍာနစ်နာတယ်ဆိုပြီးထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့ပုဒ်မနဲ့ သမ္မတဦးဝင်းမြင့် ၊ဒေါ်အောင်ဆန်းစုကြည် ၊လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို တရားစွဲထားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။